တာချီလိတ်မြို့ မြန်မာ - ထိုင်းချစ်ကြည်ရေး အမှတ်(၁)တံတား ထိပ်တွင် အန္တရာယ်ရှိ သစ်ပင်အိုကြီး နှစ်ပင်အား ရှင်းလင်းဖယ်ရှားရန် စီစဉ်

တာချီလိတ်မြို့ မြန်မာ - ထိုင်းချစ်ကြည်ရေး အမှတ်(၁)တံတား ထိပ်တွင် အန္တရာယ်ရှိ သစ်ပင်အိုကြီး နှစ်ပင်အား ရှင်းလင်းဖယ်ရှားရန် စီစဉ်
နိုဝင်ဘာ 5, 2019
By Tachileik News Agency
တာချီလိတ်မြို့ မြန်မာ - ထိုင်းချစ်ကြည်ရေး အမှတ်(၁)တံတား ထိပ်တွင် အန္တရာယ်ရှိ 
သစ်ပင်အိုကြီး နှစ်ပင်အား ရှင်းလင်းဖယ်ရှားရန် စီစဉ် 

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့ မြန်မာ - ထိုင်းချစ်ကြည်ရေး အမှတ်(၁)တံတား ထိပ်ရှိ သစ်ပင်အို (၂)ပင်မှာ ခြောက်သွေ့နပြေီး ဖြတ်သန်းသွားလာသူများအတွက် အန္တရာယ်ရှိနေသည့်အတွက် ဖယ်ရှားရှင်းလင်းသွားရန် စီစဉ်ထားကြောင်း သိရသည်။

"(၁၇) ရက်နေ့ခုတ်ဖို့ အကြမ်းဖျင်းရာထားတယ်။ မီးဖြတ်ရမှာဆိုတော့ အချိန်နဲ့ အစီအမံကို ကျွန်တော်တို့ ပြန်ပြောပေးပါမယ်။ တနင်္ဂေနွနေ့ဆိုတော့ လူသွားလူလာများတဲ့ရက်ဖြစ်နေလို့။ ယာဉ်သွားလာမှုတွေကိုလည်း ခေတ္တပိတ်ရမှာပေါ့။ တံတား (၁) ပေါ်မှာ သွားလာခွင့် ခေတ္တပိတ်ရမှာပေါ့။ အစိုးရအဖွဲ့တင်ပြပြီးတော့ လုပ်ရမှာပေါ့။ အချိန်ဘယ်လောက်ကြာမလဲဆိုတဲ့ အချိန်ကိုကြည့်ပြီးတော့ အချိန်အရမ်းကြာမယ်ဆို (၁) နာရီလောက်ခုတ်ပြီးတော့ လမ်းပြန်ဖွင့် နောက် (၁) နာရီလောက်ထပ်ခုတ် ဒီလိုလုပ်ဖို့တော့ စီမံထားတယ်။ အခုကအကြမ်းဖျင်း သတ်မှတ်ထားတာပေါ့။ ရက်သေချာသတ်မှတ်ပြီးသွားရင် မီးလည်းဖြတ်မှာဖြစ်တဲ့အတွက် တံတားကလည်း ယာဉ်သွားယာဉ်လာ ခေတ္တပိတ်မှာဖြစ်တဲ့အတွက် ပြည်သူတွေကို သေချာအသိပေးဆောင်ရွက်သွားမှာဖြစ်ပါတယ်"ဟု တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စောက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

သစ်ပင်သစ်ကိုင်းကျိုးကျပါက ထိခိုက်အန္တရာယ်ဖြစ်စေနိုင်သည့်အတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် အဆိုပါ သစ်ပင်အား ခုတ်ထွင်ရှင်းလင်းရန် တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်နှင့် ခရိုင်အဆင့်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများက နိုဝင်ဘာ (၅) ရက်နေ့ နံနက်ပိုင်းက မြန်မာ - ထိုင်းချစ်ကြည်ရေး အမှတ်(၁)တံတားပေါ်တွင် သွားရောက်စစ်ဆေးခဲ့ပြီး နှစ်နိုင်ငံအဝင်အထွက်ကို လုံခြုံရေးမြှင့်တင်မှုအဖြစ် လူ့ခန္ဓာကိုယ်အား မှတ်တမ်းယူသည့်စနစ် ( Biometric Enrollment System ) တပ်ဆင်နေမှုများနှင့် တံတားပေါ်ရှိ ဌာနဆိုင်ရာများ၏ လုပ်ငန်းများကို သွားရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။

Tachileik News Agency
သတင်း - ဟန်စိုးထိုက်
ဓာတ်ပုံ - ကျော်ဇင်ဟိန်း

ဆက်စပ်သတင်း

  1. တာချီလိတ်ရှိ မြန်မာ - ထိုင်း နှစ်နိုင်ငံချစ်ကြည်ရေးတံတားမှ နယ်စပ်ဖြတ်သန်းခွင့်လက်မှတ် ထုတ်ပေးခြင်းကို လက်ဗွေစနစ်ဖြင့် ပြောင်းလဲအသုံးပြု
  2. ( ရုပ်သံ )တာချီလိတ်ရှိ ချစ်ကြည်ရေးတံတား(၁)၌ နယ်စပ်လက်မှတ်ပြုလုပ်ရာတွင် လက်ဗွေစနစ် စတင်
  3. တာချီလိတ်မြို့ မြန်မာ - ထိုင်း ချစ်ကြည်ရေး အမှတ်(၁)တံတားပေါ် နယ်စပ်အဝင်အထွက်တွင် လူ့ခန္ဓာကိုယ် မှတ်တမ်းယူသည့် စနစ်ဖြင့် ဆောင်ရွက်တော့မည်
 
 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net