ရာထူးတာဝန်ကနေ ထုတ်ပယ်ခံရခြင်းသည် တော်လှန်ရေးကာလအတွင်း အသက်ပေးစွန့်လွတ်သွားသူများထက် စာရင် ပြောပလောက်သည့် ကိစ္စမဟုတ်ကြောင်း ဝန်ထမ်းအဖြစ်က ထုတ်ပယ်ခံရသည့် မိုင်းယန်း CDM စည်ပင်အမှုဆောင် ပြောကြား

 ရာထူးတာဝန်ကနေ ထုတ်ပယ်ခံရခြင်းသည် တော်လှန်ရေးကာလအတွင်း အသက်ပေးစွန့်လွတ်သွားသူများထက် စာရင် ပြောပလောက်သည့် ကိစ္စမဟုတ်ကြောင်း ဝန်ထမ်းအဖြစ်က ထုတ်ပယ်ခံရသည့် မိုင်းယန်း CDM စည်ပင်အမှုဆောင် ပြောကြား
အောက်တိုဘာ 7, 2021 | ရှမ်းရှေ့

 ရာထူးတာဝန်ကနေ ထုတ်ပယ်ခံရခြင်းသည် တော်လှန်ရေးကာလအတွင်း အသက်ပေးစွန့်လွတ်သွားသူများထက် စာရင် ပြောပလောက်သည့် ကိစ္စမဟုတ်ကြောင်း CDM လုပ်ဆောင်ထားပြီး ဝန်ထမ်းအဖြစ်က ထုတ်ပယ်ခံရသည့် မိုင်းယန်းမြို့နယ်စည်ပင်သာယာရေးဌာနအမှုဆောင်အရာရှိက ပြောကြားလိုက်သည်။

ကျွန်တော် ရွေးချယ်ခဲ့တဲ့ လမ်းအတွက် ဒီလိုဖြစ်လာတဲ့အခါမှာလည်း ကျွန်တော် နောင်တမရဘူး။ ဒီအတိုင်း ဆက်ပြီး တွန်းလှန်သွားမယ်။ ကျွန်တော်တို့မှာ  ပြည်သူရွေးကောက်တယ်ဆိုရင် ဘယ်ပါတီပဲ တက်တက် အရောင်းအဆင်း မရှိပါဘူး။  တာဝန်ထမ်းဆောင်နေဦးမှာပဲ။ ဒါပေမဲ့ အခုဟာက လက်နက်အားကိုးပြီးတော့ သူတို့ လုပ်ချင်တိုင်း လုပ်လို့ရတယ်ဆိုတဲ့ ပုံစံမျိုးကို မကြိုက်လို့။ ကျွန်တော်တို့က အာဏာရှင်စနစ်ကို တော်လှန်ချင်လို့ကို ဒီလိုရွေးချယ်ခဲ့တာ။ ဒီရလာဒ်ဟာ အသက်ပေးစွန့်လွတ်ခဲ့သူတွေနဲ့စာရင် ဒါဟာ မပြောပလောက်ဘူးပေါ့။

ဟု CDM လုပ်ဆောင်ထားပြီး ဝန်ထမ်းအဖြစ်ကနေ ထုတ်ပယ်ခံလိုက်ရသည့် မိုင်းယန်းမြို့နယ်၏ မြို့နယ်စည်ပင်သာယာရေးဌာနအမှုဆောင်အရာရှိ ဒုတိယဦးစီးမှူး ဦးဂျာထီးက Tachileik News Agency သို့ အောက်တိုဘာလ(၇)ရက်နေ့တွင် ပြောသည်။



ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသအတွင်း ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့နယ်၏ မြို့နယ်စည်ပင်သာယာရေးဌာနတွင်  ပြည်သူနှင့်အတူ ရပ်တည်ပြီး CDM လုပ်ဆောင်ထားသည့်  မြို့နယ်စည်ပင်သာယာရေးဌာနအမှုဆောင်အရာရှိ ဒုတိယဦးစီးမှူး ဦးဂျာထီးသည် ရာထူးတာဝန်ကနေ ထုတ်ပယ်ခံရခြင်း ဖြစ်သည်။

 

မိုင်းယန်းမြို့နယ်၏ မြို့နယ်စည်ပင်သာယာရေးဌာနအမှုဆောင်အရာရှိဖြစ်သူ CDM လုပ်ဆောင်ထားသည့်  ဒုတိယဦးစီးမှူး ဦးဂျာထီးသည် နိုင်ငံ့ဝန်ထမ်းနည်းဥပဒေ ၁၆၁(ဃ)၊ ၁၆၃(ပ)(ဖ)တို့အား ဖောက်ဖျက်ကျူးလွန်သည်ဟု  ရှမ်းပြည်နယ်စည်ပင်သာယာရေးဌာန၏ ညွှန်ကြားရေးမှူး ဦးစိုင်းထွန်းထွန်းက စွပ်စွဲကာ ၂၀၂၁ခုနှစ် စက်တင်ဘာလလ(၂၈)ရက်နေ့က စတင်ကာ ဝန်ထမ်းအဖြစ်မှ ထုတ်ပစ်ခြင်း ပြစ်ဒဏ်ချမှတ်လိုက်သည်ဟု   အမိန့်ညွှန်ကြားစာ ထုတ်လိုက်ခြင်း ဖြစ်ကြောင်း သိရသည်။

ယခုလို ရာထူးတာဝန်ကနေ ထုတ်ပယ်ခြင်း မခံရမီ ၂၀၂၁ခုနှစ် မတ်လ(၈)ရက်နေ့ကလည်း  တာဝန်မှ ယာယီရပ်ဆိုင်းကြောင်း ရှမ်းပြည်နယ်စည်ပင်သာယာရေးဌာန၏ ညွှန်ကြားရေးမှူး ဖြစ်သူ ဦးစိုင်းထွန်းထွန်း အမိန့်ညွှန်ကြားစာ ထုတ်ခဲ့သည်ဟုလည်း သိရသည်။

 

ဆက်စပ်သတင်း

ရှမ်းပြည်နယ်အတွင်း စည်ပင်ဌာန၏ အတွင်းသတင်းများ သတင်းဌာနများသို့ မပေါက်ကြားရေး ညွှန်ကြားရေးမှူး ဦးစိုင်းထွန်းထွန်းက ဝန်ထမ်းများအားလုံးကို လက်မှတ် ထိုးခိုင်း