တာချီလိတ်ရှိ မြန်မာ - ထိုင်း နှစ်နိုင်ငံချစ်ကြည်ရေးတံတားမှ နယ်စပ်ဖြတ်သန်းခွင့်လက်မှတ် ထုတ်ပေးခြင်းကို လက်ဗွေစနစ်ဖြင့် ပြောင်းလဲအသုံးပြု

တာချီလိတ်ရှိ မြန်မာ - ထိုင်း နှစ်နိုင်ငံချစ်ကြည်ရေးတံတားမှ နယ်စပ်ဖြတ်သန်းခွင့်လက်မှတ် ထုတ်ပေးခြင်းကို လက်ဗွေစနစ်ဖြင့် ပြောင်းလဲအသုံးပြု
အောက်တိုဘာ 5, 2019
By 🌸
ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့ရှိ မြန်မာ - ထိုင်း ချစ်ကြည်ရေးတံတား အမှတ် (၁) တွင် နယ်စပ်ဖြတ်သန်းခွင့် လက်မှတ်ထုတ်ပေးခြင်းအား လုံခြုံရေးစနစ်တိုးမြှင့်သည့်အနေဖြင့် လက်ဗွေ မှတ်တမ်းဖြင့် ထုတ်ပေးခြင်းကို ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ (၁)ရက်နေ့မှ စတင်အသုံးပြုနေပြီဖြစ်သည်။

" ကနဦးအဆင့်ပေါ့။ ဆာဗာတွေအကုန်လုံးကို တံတားပေါ်နဲ့ လိုအပ်တဲ့နေရာတွေ အကုန်လုံး တပ်ဆင် သွားမယ်။ လက်ဗွေစနစ်နဲ့ ပထမဆုံးလုပ်တာပေါ့။ လိုအပ်တဲ့အချက်အလက်တွေ ယူထားတဲ့ သဘောပေါ့"ဟု တာချီလိတ်ခရိုင် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

လက်ဗွေမှတ်တမ်းစနစ်ကိုပြောင်းလဲလိုက်သည့်အတွက် ယာယီနယ်စပ်ဖြတ်သန်းခွင့်လက်မှတ် (တံတားကူးလက်မှတ်) ပြုလုပ်သူများအနေဖြင့် ပထမအကြိမ်သာ မှတ်ပုံတင်ပြရန် လိုအပ်တော့မည်ဖြစ်ပြီး တံတားကူးလက်မှတ် ထပ်မံပြုလုပ်ရာတွင် မှတ်တမ်းယူထားသည့် လက်ဗွေအချက်အလက်ဖြင့် ထုတ်ပေးမည်ဖြစ်၍ မှတ်ပုံတင်ပြရန်မလိုအပ်တော့ကြောင်း သိရသည်။

မြန်မာ - ထိုင်းနှစ်နိုင်ငံ ဖြတ်သန်းသွားလာနေသည့် ချစ်ကြည်ရေးတံတားမှ နှစ်နိုင်ငံ တရားခံပြေးများ ဖြတ်သန်းသွားလာမှုကို တားမြစ်နိုင်ရန်အတွက် ယင်းကဲ့သို့ လုံခြုံရေးစနစ် တိုးမြှင့်ခြင်းကို ဆောင်ရွက်လာခြင်း ဖြစ်ပြီး ထိုင်းနိုင်ငံဘက်ကလည်း နယ်စပ်ဖြတ်သန်းသည့်လက်မှတ်များ လုံခြုံရေးအဆင့် မြှင့်တင်မှုအဖြစ် တစ်နိုင်ငံလုံး ဆာဗာချိတ်ဆက်ပြီး အချက်အလက်ရယူသည့်စနစ်ကို ဇူလိုင်လ (၆)ရက်နေ့က ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံက ထိုင်း၊ အိန္ဒိယနှင့် တရုတ်နိုင်ငံ နယ်စပ်ဝင်ထွက်ပေါက်များတွင် မြန်မာနိုင်ငံသားများ နယ်စပ်ဖြတ်သန်းခွင့် လက်မှတ်များထုတ်ပေးခြင်းအား လုံခြုံရေး အဆင့်မြှင့်တင်ခြင်းကို အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလတွင် စတင်ဆောင်ရွက်လာခြင်း ဖြစ်သည်။

မြန်မာဘက်မှ လုံခြုံရေးအဆင့်မြှင့်တင်လိုက်သည့် ယာယီနယ်စပ်ဖြတ်သန်းခွင့်လက်မှတ်များတွင် လုံခြုံရေးကြိုး၊ လိုဂိုရေစာများအပြင် QR Code တို့ ထည့်သွင်းအသုံးပြုလာခဲ့ခြင်းဖြစ်သည်။

နယ်စပ်ဒေသများတွင် ဖြတ်သန်းသွားလာသည့် နိုင်ငံသားများအား ယာယီနယ်စပ်ဖြတ်သန်းခွင့် လက်မှတ် (တံတားကူးလက်မှတ်)နှင့် နယ်စပ်ဒေသများတွင် နေထိုင်သူများကို သက်ဆိုင်ရာအိမ်နီးချင်းနိုင်ငံများနှင့် သဘောတူညီချက်အရ နယ်စပ်ဖြတ်သန်းခွင့်လက်မှတ်(တံတားကူးစာအုပ်)တို့ကို လူဝင်မှုကြီးကြပ်ရေး ဦးစီးဌာနက စိစစ်ထုတ်ပေးနေခြင်းဖြစ်သည်။

သတင်း #ဟန်စိုးထိုက်
ဓါတ်ပုံ - ကျော်ဇင်ဟိန်း

~~~~~~~~⊰❂ Zawgyi Version ~~~~~~~~
တာခ်ီလိတ္ရိွ ျမန္မာ - ထိုင္း ႏွစ္ႏုိင္ငံခ်စ္ၾကည္ေရးတံတားမွ နယ္စပ္ျဖတ္သန္းခြင့္လက္မွတ္ ထုတ္ေပးျခင္းကို လက္ေဗြစနစ္ျဖင့္ ေျပာင္းလဲအသံုးျပဳ
*************
ရွမ္းျပည္နယ္ (အေရွ႕ပိုင္း) တာခ်ီလိတ္ၿမို႕ရိွ ျမန္မာ - ထိုင္း ခ်စ္ၾကည္ေရးတံတား အမွတ္ (၁) တြင္ နယ္စပ္ျဖတ္သန္းခြင့္ လက္မွတ္ထုတ္ေပးျခင္းအား လံုၿခံဳေရးစနစ္တိုးျမႇင့္သည့္အေနျဖင့္ လက္ေဗြ မွတ္တမ္းျဖင့္ ထုတ္ေပးျခင္းကို ၂၀၁၉ ခုႏွစ္၊ ေအာက္တိုဘာလ (၁)ရက္ေန႔မွ စတင္အသံုးျပဳေနၿပီျဖစ္သည္။

" ကနဦးအဆင့္ေပါ့။ ဆာဗာေတြအကုန္လံုးကို တံတားေပၚနဲ႔ လိုအပ္တဲ့ေနရာေတြ အကုန္လံုး တပ္ဆင္ သြားမယ္။ လက္ေဗြစနစ္နဲ႔ ပထမဆံုးလုပ္တာေပါ့။ လိုအပ္တဲ့အခ်က္အလက္ေတြ ယူထားတဲ့ သေဘာေပါ့"ဟု တာခ်ီလိတ္ခရိုင္ လူဝင္မႈႀကီးၾကပ္ေရးဦးစီးဌာနမွ တာဝန္ရိွသူတစ္ဦးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

လက္ေဗြမွတ္တမ္းစနစ္ကိုေျပာင္းလဲလုိက္သည့္အတြက္ ယာယီနယ္စပ္ျဖတ္သန္းခြင့္လက္မွတ္ (တံတားကူးလက္မွတ္) ျပဳလုပ္သူမ်ားအေနျဖင့္ ပထမအႀကိမ္သာ မွတ္ပံုတင္ျပရန္ လိုအပ္ေတာ့မည္ျဖစ္ၿပီး တံတားကူးလက္မွတ္ ထပ္မံျပဳလုပ္ရာတြင္ မွတ္တမ္းယူထားသည့္ လက္ေဗြအခ်က္အလက္ျဖင့္ ထုတ္ေပးမည္ျဖစ္၍ မွတ္ပံုတင္ျပရန္မလိုအပ္ေတာ့ေၾကာင္း သိရသည္။

ျမန္မာ - ထုိင္းႏွစ္ႏုိင္ငံ ျဖတ္သန္းသြားလာေနသည့္ ခ်စ္ၾကည္ေရးတံတားမွ ႏွစ္ႏုိင္ငံ တရားခံေျပးမ်ား ျဖတ္သန္းသြားလာမႈကို တားျမစ္ႏုိင္ရန္အတြက္ ယင္းကဲ့သို႔ လံုၿခံဳေရးစနစ္ တိုးျမႇင့္ျခင္းကို ေဆာင္ရြက္လာျခင္း ျဖစ္ၿပီး ထုိင္းႏိုင္ငံဘက္ကလည္း နယ္စပ္ျဖတ္သန္းသည့္လက္မွတ္မ်ား လံုၿခံဳေရးအဆင့္ ျမႇင့္တင္မႈအျဖစ္ တစ္ႏုိင္ငံလံုး ဆာဗာခ်ိတ္ဆက္ၿပီး အခ်က္အလက္ရယူသည့္စနစ္ကို ဇူလုိင္လ (၆)ရက္ေန႔က ေဆာင္ရြက္ခဲ့ျခင္း ျဖစ္သည္။

ျမန္မာႏုိင္ငံက ထုိင္း၊ အိႏၵိယႏွင့္ တရုတ္ႏုိင္ငံ နယ္စပ္ဝင္ထြက္ေပါက္မ်ားတြင္ ျမန္မာႏုိင္ငံသားမ်ား နယ္စပ္ျဖတ္သန္းခြင့္ လက္မွတ္မ်ားထုတ္ေပးျခင္းအား လံုၿခံဳေရး အဆင့္ျမႇင့္တင္ျခင္းကို အလုပ္သမား၊ လူဝင္မႈႀကီးၾကပ္ေရးႏွင့္ ျပည္သူ႔အင္အားဝန္ႀကီးဌာနက ၂၀၁၈ ခုႏွစ္၊ ႏိုဝင္ဘာလတြင္ စတင္ေဆာင္ရြက္လာျခင္း ျဖစ္သည္။

ျမန္မာဘက္မွ လံုၿခံဳေရးအဆင့္ျမႇင့္တင္လုိက္သည့္ ယာယီနယ္စပ္ျဖတ္သန္းခြင့္လက္မွတ္မ်ားတြင္ လံုၿခံဳေရးႀကိဳး၊ လိုဂိုေရစာမ်ားအျပင္ QR Code တို႔ ထည့္သြင္းအသံုးျပဳလာခဲ့ျခင္းျဖစ္သည္။

နယ္စပ္ေဒသမ်ားတြင္ ျဖတ္သန္းသြားလာသည့္ ႏုိင္ငံသားမ်ားအား ယာယီနယ္စပ္ျဖတ္သန္းခြင့္ လက္မွတ္ (တံတားကူးလက္မွတ္)ႏွင့္ နယ္စပ္ေဒသမ်ားတြင္ ေနထုိင္သူမ်ားကို သက္ဆုိင္ရာအိမ္နီးခ်င္းႏုိင္ငံမ်ားႏွင့္ သေဘာတူညီခ်က္အရ နယ္စပ္ျဖတ္သန္းခြင့္လက္မွတ္(တံတားကူးစာအုပ္)တုိ႔ကို လူဝင္မႈႀကီးၾကပ္ေရး ဦးစီးဌာနက စိစစ္ထုတ္ေပးေနျခင္းျဖစ္သည္။

သတင္း #ဟန္စိုးထုိက္
ဓါတ္ပံု - ေက်ာ္ဇင္ဟိန္း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net