Quarantine (၁၄) ရက်ပြည့်၍ နေရပ်ပြန်သွားသူ (၂)ဦးကို စောင့်ကြည့်သံသယလူနာ အဖြစ် သတ်မှတ်

Quarantine (၁၄) ရက်ပြည့်၍ နေရပ်ပြန်သွားသူ (၂)ဦးကို စောင့်ကြည့်သံသယလူနာ အဖြစ် သတ်မှတ်
ဧပြီ 11, 2020
By Tachileik News Agency

Quarantine (၁၄) ရက်ပြည့်၍ နေရပ်ပြန်သွားသူ (၂)ဦးကို စောင့်ကြည့်သံသယလူနာအဖြစ် သတ်မှတ်

ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်တွင် ထိုင်းနိုင်ငံမှ ပြန်လာသူများအား (၁၄)ရက် Quarantine ပြီး၍ နေအိမ်ပြန်သွားသူများထဲမှ အမျိုးသမီး (၂)ဦးမှာ ဖျားနာလာသဖြင့် Covid-19 သံသယစောင့်လူနာအဖြစ် ဒီးမော့ဆိုမြို့နယ် ပြည်သူ့ဆေးရုံတွင် သီးခြားစောင့်ကြည့်ကုသနေကြောင်းသိရသည်။

အဲဒီလူနာတွေက မနေ့က စတက်တယ်။ ဖျားတယ်၊ ချောင်းဆိုးတယ်ပေါ့ဗျာ။ တူတူနေ တူတူသွား တူတူလာ ထိုင်းကနေပြန်လာတာပေါ့။ ထိုင်းကပြန်လာပြီး ဒီမှာ (၁၄)ရက်ပြည့်ပြီး နှစ်ရက်ကြာတော့ အဲဒီလိုဖြစ်လို့ ဆေးရုံတင်ထားတယ်။ နှာခေါင်းတို့ပတ် အာခေါင်တို့ပတ်ကို ဒီနေ့ ကျွန်တော်တို့ ရန်ကုန်ကိုပို့နေပါတယ်။ အဖြေကတော့ စောင့်ကြည့်ရမှာပေါ့ ။ ရိုးရိုးဖျားတာလည်းဖြစ်နိုင်ပါတယ်။ ဒါပေမယ့်ထိုင်းက ပြန်လာကြတာဆိုတော့ ကျွန်တော်တို့စောင့်ကြည့်လူနာအဖြစ် ထားထားတယ်ပေါ့ 

ဟု ကယားပြည်နယ်ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဌေးလွင်က ဧပြီလ (၁၁)ရက်နေ့တွင် တာချီလိတ်သတင်းအေဂျင်စီသိ့ု့ အတည်ပြုပြောသည်။

ဒီးမော့ဆိုမြို့နယ် ၊ ပန်ပဲ့ကျေးရွာအုပ်စု ရွမ်းကူကျေးရွာတွင် နေထိုင်သော အသက်(၁၉)နှစ် နှင့် (၃၇)နှစ်အရွယ် အမျိုးသမီးနှစ်ဦးမှာ ထိုင်းနိုင်ငံမှပြန်လာပြီး ပန်ပက်(အလက)ကျောင်းတွင် Ficility Quarantine အဖြစ် မတ်လ (၂၈)ရက်နေ့မှ ဧပြီလ (၇)ရက်နေ့ထိ  နေထိုင်ခဲ့ပြီးနေအိမ်သို့ ပြန်သွားပြီးနောက် ဖျားခြင်း၊ ချောင်းဆိုးခြင်း ၊လည်ချောင်းနာခြင်း ၊အသက်ရှုကြပ်ခြင်းများ ဖြစ်လာသောကြောင့် ဧပြီလ (၁၀)ရက်နေ့တွင် မြို့နယ်ပြည်သူ့ဆေးရုံကြီးသို့လာရောက် ပြသရာ Covid-19 သံသယလူနာအဖြစ်သတ်မှတ်ကာ သီးခြားစောင့်ကြည့်ကုသ နေကြောင်းသိရသည်။

လက်ရှိ ကယားပြည်နယ်တွင် Covid-19 သံသယလူနာအဖြစ် လွိုင်ကော်ပြည်သူ့ဆေးရုံကြီးတွင် (၁)ဦးနှင့် ဒီးမော့ဆိုမြို့ ပြည်သူ့ဆေးရုံတွင် (၂)ဦး စုစုပေါင်း (၃)ဦးသာ ကျန်ရှိတော့ပြီး ယခင်က မြို့နယ် ပြည်သူ့ဆေးရုံများအလိုက် ထားရှိသော စောင့်ကြည့်လူနာများမှာရောဂါပိုးမတွေ့ရှိဘဲ သက်သာ လာခြင်းကြောင့်  ဆေးရုံမှဆင်းခွင့်ပေးလိုက်ပြီဖြစ်ကြောင်းသိရသည်။

Tachileik News Agency
သတင်း - ဆန်းဖြိုးထွန်း


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~