အပြည်ပြည်ဆိုင်ရာတရားရုံးတွင် မြန်မာအား တရားစွဲဆိုထားမှုကို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဦးဆောင် ရင်ဆိုင်မည်

အပြည်ပြည်ဆိုင်ရာတရားရုံးတွင် မြန်မာအား တရားစွဲဆိုထားမှုကို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဦးဆောင် ရင်ဆိုင်မည်
နိုဝင်ဘာ 20, 2019
By Tachileik News Agency

အပြည်ပြည်ဆိုင်ရာတရားရုံးတွင် မြန်မာအား တရားစွဲဆိုထားမှုကို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဦးဆောင် ရင်ဆိုင်မည်

အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) တွင် ဂမ်ဘီယာနိုင်ငံ၏ တရားစွဲဆိုချက်ကို တုန့်ပြန်ရန်အတွက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ကိုယ်တိုင် ဦးစီးဆောင်ရွက်မည်ဖြစ်ကြောင်း ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ (၂၀) ရက်နေ့တွင် ထုတ်ပြန်လာသည်။

ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများကိစ္စနှင့်ပတ်သက်၍ ဂမ်ဘီယာနိုင်ငံသည် အစ္စလာမ္မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) ကိုယ်စား မြန်မာနိုင်ငံကို အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ၌ တရားစွဲဆိုခဲ့သဖြင့် မြန်မာနိုင်ငံ၏အကျိုးစီးပွားကာကွယ်ရန် နိုင်ငံတကာမှ ကျွမ်းကျင်သည့် ဥပဒေပညာရှင် ရှေ့နေကြီးများအား ငှားရမ်းထားပြီးဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ၏အကျိုးစီးပွားကို ကာကွယ်ရန်အတွက် နယ်သာလန်နိုင်ငံ၊ The Hague မြို့သို့ စေလွှတ်မည့် အဖွဲ့ကို နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည်  နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြည်ထောင်စုဝန်ကြီးအဖြစ် ဦးဆောင်သွားရောက်မည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံအား တရားစွဲဆိုထားသည့်အမှုကို နယ်သာလန်နိုင်ငံ၊ The Hague မြို့၌ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ (၁၀)ရက်နေ့မှ ဒီဇင်ဘာလ (၁၂)ရက်နေ့အထိ စစ်ဆေးမည်ဖြစ်သည်။

Tachileik News Agency
Photo: MS

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net