ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်များက အွန်လိုင်းမှ လွှတ်တော်အစည်းအဝေးခေါ်ယူပြီး ကျမ်းသစ္စာကျိန်ဆို

ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်များက အွန်လိုင်းမှ လွှတ်တော်အစည်းအဝေးခေါ်ယူပြီး ကျမ်းသစ္စာကျိန်ဆို
ဖေဖော်ဝါရီ 7, 2021 | နိုင်ငံရေး| ရှမ်းရှေ့
By Tachileik News Agnecy

ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များက တတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်းအဝေး (ပထမနေ့) ကို  online conferencing system ဖြင့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၆) ရက်နေ့တွင် ကျင်းပပြီး ကျမ်းသစ္စာကျိန်ဆိုကြသည်။

စစ်တပ်က ဖေဖေါ်ဝါရီလ (၁) ရက်နေ့က နိုင်ငံတော်အာဏာသိမ်းထားသော်လည်း လူထုရွေးချယ်ထားသည့် လွှတ်တော်ကိုယ်စားလှယ်များက လွှတ်တော်အစည်းအဝေးကို အွန်လိုင်းစနစ်ဖြင့် ကျင်းပခြင်းဖြစ်သည်။

အဆိုပါ လွှတ်တော် အစည်းအဝေးသို့ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် (၇၅) ဦးနှင့် လေ့လာသူအချို့ တက်ရောက်ကြသည်။

၂၀၂၀ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ၏ ရွေးကောက်ခံ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များကလည်း ဖေဖော်ဝါရီလ (၅) ရက်နေ့တွင် အွန်လိုင်းအစည်းအဝေးကျင်းပပြီး ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ - Committee Representing Pyidaungsu Hluttaw(CRPH) ကို ဖွဲ့စည်းထားခြင်းဖြစ်သည်။

အဆိုပါအစည်းအဝေးကို ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် (၂၉၈) ဦးတက်ရောက်ခဲ့ပြီး ဒိန်းမတ်၊ ဆွီဒင်၊ အမေရိကန်ပြည်ထောင်စု နှင့် ချက်ရီပက်ဘလစ်နိုင်ငံ သံရုံးများမှ ကိုယ်စားလှယ်များ ဧည့်သည်တော်အဖြစ် တက်ရောက်ခဲ့ကြသည်။

Tachileik News Agency