စစ်အာဏာရှင်များအတွက် ဝါဒဖြန့်နေသည့် တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့၏   Page ကို facebook က ဖယ်ရှား

စစ်အာဏာရှင်များအတွက် ဝါဒဖြန့်နေသည့် တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့၏   Page ကို facebook က ဖယ်ရှား
ဖေဖော်ဝါရီ 21, 2021 | နိုင်ငံရေး

နိုင်ငံတော်အာဏာသိမ်းမှုအား လက်မခံကြောင်း ငြိမ်းချမ်းစွာဆန္ဒထုတ်ဖေါ်သည့် ပြည်သူများကို စစ်အာဏာရှင်အုပ်စု၏ ပစ်ခတ်ဖြိုခွင်းမှုကြောင့် ၂၀၂၁ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၂၀) ရက်နေ့က မန္တလေး၌ (၂) ဦးသေဆုံးခဲ့ရပြီးနောက် ပြည်သူများအား သတင်းလိမ်၊ သတင်းတုများဖြင့် စစ်အာဏာရှင်များအတွက် ဝါဒဖြန့်ကာ ဖော်ပြပေးနေသည့် တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့၏ Facebook Page ကို facebook က ဖယ်ရှားပစ်လိုက်ပြီဖြစ်ကြောင်း သတင်းထုတ်ပြန်သည်။



“facebook ၏ ကမ္ဘာလုံးဆိုင်ရာ ကျင့်ဝတ်အဖြစ် တားမြစ်ထားတဲ့ အန္တရာယ်ပြုမှုနှင့် အကြမ်းဖက်မှုတို့ကို တပ်မတော်သတင်းမှန်ပြန်ကြားရေး စာမျက်နှာအနေဖြင့် ထပ်တလဲလဲဖေါက်ဖျက်မှုများကြောင့် facebook မှ ဖယ်ရှားလိုက်သည်”ဟု ထုတ်ပြန်ချက်တွင် ဖေါ်ပြထားသည်။



တပ်မတော်သတင်းမှန်ပြန်ကြားရေး facebook page ကို ဖေဖေါ်ဝါရီလ (၂၁) ရက်နေ့မှစ၍ ဖယ်ရှားပစ်လိုက်ပြီဖြစ်သည်။



မြန်မာစစ်တပ်က ဖေဖေါ်ဝါရီလ (၁) ရက်နေ့တွင် နိုင်ငံတော်အာဏာသိမ်းလိုက်သဖြင့် စစ်အာဏာရှင်စနစ်ကို လက်မခံသည့် ပြည်သူလူထုက ငြိမ်းချမ်းသည့်နည်းလမ်းမျိုးစုံဖြင့် ဆန္ဒထုတ်ဖေါ်နေကြသည်ကို စစ်တပ်နှင့် ရဲတပ်ဖွဲ့တို့က ပစ်ခတ်နှိမ်နှင်းမှုများကြောင့် ပစ်ခတ်ခံရမှုကြောင့်သေဆုံးသူများရှိနေ၍ နိုင်ငံတကာက ပြင်းပြင်းထန်ထန် ဝေဖန်ရှုံ့ချမှုများလည်း ရှိနေသည်။

Tachileik News Agency