မြန်မာ - ထိုင်းနယ်စပ်အနီးတွင် မြန်မာအာဏာသိမ်းစစ်တပ်က လက်နက်ကြီးပစ်ခတ်မှုဖြစ်ပွားပြီးနောက် ထိုင်းဘက်က နယ်စပ်လုံခြုံရေး တိုးမြှင့်

မြန်မာ - ထိုင်းနယ်စပ်အနီးတွင် မြန်မာအာဏာသိမ်းစစ်တပ်က လက်နက်ကြီးပစ်ခတ်မှုဖြစ်ပွားပြီးနောက် ထိုင်းဘက်က နယ်စပ်လုံခြုံရေး တိုးမြှင့်

မြန်မာ - ထိုင်းနယ်စပ်မှ RCSS သင်တန်းကျောင်းအနီးရှိ ကျေးရွာတွင် အာဏာသိမ်းစစ်တပ်၏ လက်နက်ကြီး ပစ်ခတ်မှုခံရပြီးနောက် အဆိုပါ ပစ်ခတ်မှုကြောင့် ထိုင်းနိုင်ငံဘက်အခြေအနေကို စုံစမ်းစစ်ဆေးမှုလုပ်ဆောင်နေပြီး နယ်စပ်တလျှောက် အခြေအနေစောင့်ကြည့်ခြင်းကို ထိုင်းစစ်တပ်က ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရသည်။

ထိုင်းနိုင်ငံ မယ့်ဖားလုံဒေသနှင့် မျက်နှာချင်းဆိုင်ဘက်ရှိ လွယ်ကော်ဝမ်းဒေသအနီးတွင် ၂၀၂၁ ခုနှစ် ဧပြီလ (၁၈) ရက်နေ့ ညနေပိုင်း၌ အာဏာသိမ်းအဖွဲ့၏ စစ်တပ်ဘက်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီးနောက် အဆိုပါ ပစ်ခတ်မှုကြောင့် ထိုင်းနိုင်ငံဘက်အခြေအနေကို စစ်ဆေးခြင်းကို ထိုင်းနယ်မြေခံစစ်တပ်က ဆောင်ရွက်လာခြင်းဖြစ်ကြောင်း သိရသည်။

ယင်းအပြင် နောက်ဆက်တွဲပစ်ခတ်မှုများ ဖြစ်လာပါက ထိုင်းနယ်နမိတ်ဘက် လုံခြုံရေးအခြေအနေစောင့်ကြည့်ရန်နှင့် မြန်မာဘက်မှ တိမ်းရှောင်လာသူများအား လက်ခံနိုင်ရေး ပြင်ဆင်ထားရန်အတွက် ထိုင်းနယ်မြေခံတပ်ကို ညွှန်ကြားထားပြီးဖြစ်ကြောင်း သိရသည်။

တာချီလိတ်မြို့နှင့် မိုင်(၆၀)ကျော် အကွာ ထိုင်းနယ်စပ်ရှိ RCSS သင်တန်းကျောင်း လွယ်‌ကော်ဝမ်းအနီးသို့ အာဏာသိမ်းအဖွဲ့၏ စစ်တပ်က ဧပြီလ (၁၈) ရက်နေ့ ညနေ (၆) နာရီဝန်းကျင်တွင် လက်နက်ကြီးဖြင့် (၃) ချက်ပစ်ခတ်ခဲ့သည်ဟု သိရသည်။

#TachileikNewsAgency

source -ch7hdnews