ရှမ်းပြည်နယ် နှင့် မန္တလေးတိုင်းဒေသကြီးအကြား နယ်စပ်မျဉ်းတွင် ရှမ်းပြည်နယ်အထိမ်းအမှတ် မုခ်ဦးစိုက်ထူရန် ဒီဇိုင်းဆွဲခိုင်းထား

ရှမ်းပြည်နယ် နှင့် မန္တလေးတိုင်းဒေသကြီးအကြား နယ်စပ်မျဉ်းတွင် ရှမ်းပြည်နယ်အထိမ်းအမှတ် မုခ်ဦးစိုက်ထူရန် ဒီဇိုင်းဆွဲခိုင်းထား
စကျတငျဘာ 18, 2019
By Tachileik News Agency


"ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးခရိုင်အတွင်းမှာ တောင်ပေါ်ဒေသလမ်းဆောက်လုပ်ရေးကုမ္ပဏီက BOT စနစ်နဲ့ တာဝန်ယူဆောင်ရွက်လျက်ရှိတဲ့ မိတ္တီလာ - တောင်ကြီး - ကျိုင်းတုံ - တာချီလိတ် လမ်း AH2 ပေါ်မှာရှိတဲ့  မန္တလေးတိုင်းဒေသကြီး နဲ့ ရှမ်းပြည်နယ်(တောင်ပိုင်း)ရဲ့ နယ်စပ်မှာ နယ်ခြားဆိုင်းဘုတ်စိုက်ထူဖို့အတွက် လမ်းဦးစီးဌာန နဲ့ ခရိုင်စီမံခန့်ခွဲမှုကော်မတီ၊ သက်ဆိုင်ရာ ဌာနများကနေပြီးတော့ ၂၀၁၉ခုနှစ် မေလက ကွင်းဆင်းစစ်ဆေးပြီးတော့ နေရာရွေးချယ်ခြင်း ဆောင်ရွက်ခဲ့ပြီး ဖြစ်ပါတယ်၊ စိုက်ထူ ဆိုင်းဘုတ်ရဲ့ ဗိသုကာဒီဇိုင်းပုံစံ နဲ့  ဆိုင်းဘုတ်မှာ ရေးမဲ့ စာသားများ ပါဝင်တဲ့ အဆိုပြုပုံစံ (၃)ခုကို  ရှမ်းပြည်နယ်အစိုးရအဖွဲ့သို့ တင်ပြဆောင်ရွက်ရန် ညွှန်ကြားထားရှိပြီး၊ တင်ပြလာပါက ရှမ်းပြည်နယ်အစိုးရအဖွဲ့အစည်းအဝေးမှာ အတည်ပြုချက်ရယူ၍ လာမည့် ပွင့်လင်းကာလများမှာ လုပ်ငန်းများ စတင်ဆောင်ရွက်သွားမှာဖြစ်ပါကြောင်း ဖြေကြားတင်ပြအပ်ပါတယ်"ဟု ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခွန်ရဲထွေးက ဖြေကြားခြင်းဖြစ်သည်။

ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော်၏ (၁၆)ကြိမ်မြောက် လွှတ်တော်အစည်းအဝေးဖြစ်သည့် ၂၀၁၉ခုနှစ် စက်တင်ဘာလ(၁၇)ရက်နေ့က လင်းခေးမဲဆန္ဒနယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းအောင်မျိုးကျော်က ရှမ်းပြည်နယ်အထိမ်းအမှတ် မုခ်ဦးပြုလုပ်ရေးကိစ္စနှင့် ပတ်သက်၍   မေးမြန်းခြင်းဖြစ်သည်။

"မိတ္တီလာ - တောင်ကြီး- ကျိုင်းတုံ - တာချီလိတ် AH2 လမ်းမပေါ်ရှိ မန္တလေးတိုင်းဒေသကြီး နဲ့ ရှမ်းပြည်နယ် နယ်စပ်မျဉ်းတွင် ရှမ်းပြည်နယ်အထိမ်းအမှတ် ဥပမာ ကိန္နရီ ကိန္နရာမောင်နှံ သို့မဟုတ် ရှမ်းအိုးစည်အမှတ်အသားပါသော ရှမ်းပြည်နယ်မှ ကြိုဆိုပါ၏  ဆိုသည့် မြန်မာ၊ ရှမ်း၊ အင်္ဂလိပ် သုံးဘာသာဖြင့် ရေးသားထားသော ကြိုဆို နှုတ်ခွန်းဆက် မုခ်ဦးတစ်ခု ဆောက်လုပ်ပေးရန် အစီအစဉ်ရှိမရှိ နှင့် ရှိပါက မည်သည်အချိန်တွင် ဆောင်ရွက်ပေးမည်၊ မရှိပါက  အဘယ်ကြောင့်နည်းဆိုသည်ကို သိရှိလိုကြောင်း" ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းအောင်မျိုးကျော်က လွှတ်တော်တွင် မေးမြန်းသည့်အပေါ် ပြည်နယ်ဝန်ကြီးက ဖြေကြားသွားခဲ့ခြင်းဖြစ်သည်။

Tachileik News Agency


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ် နှင့် မန္တလေးတိုင်းဒေသကြီးအကြား နယ်စပ်မျဉ်းတွင် ရှမ်းပြည်နယ်အထိမ်းအမှတ် မုခ်ဦးစိုက်ထူရန်အတွက် ကွင်းဆင်းကြည့်ရှု့ထားပြီး ဒီဇိုင်းပုံစံအားရေးဆွဲခိုင်းထားကြောင်းနှင့် ပွင့်လင်းကာလတွင် လုပ်ငန်းစတင်မည်ဖြစ်ကြောင်း ရှမ်းပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခွန်ရဲထွေးက ပြည်နယ်လွှတ်တော်တွင် ပြောကြားသွားသည်။

"ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးခရိုင်အတွင်းမှာ တောင်ပေါ်ဒေသလမ်းဆောက်လုပ်ရေးကုမ္ပဏီက BOT စနစ်နဲ့ တာဝန်ယူဆောင်ရွက်လျက်ရှိတဲ့ မိတ္တီလာ - တောင်ကြီး - ကျိုင်းတုံ - တာချီလိတ် လမ်း AH2 ပေါ်မှာရှိတဲ့ မန္တလေးတိုင်းဒေသကြီး နဲ့ ရှမ်းပြည်နယ်(တောင်ပိုင်း)ရဲ့ နယ်စပ်မှာ နယ်ခြားဆိုင်းဘုတ်စိုက်ထူဖို့အတွက် လမ်းဦးစီးဌာန နဲ့ ခရိုင်စီမံခန့်ခွဲမှုကော်မတီ၊ သက်ဆိုင်ရာ ဌာနများကနပြေီးတော့ ၂၀၁၉ခုနှစ် မေလက ကွင်းဆင်းစစ်ဆေးပြီးတော့ နေရာရွေးချယ်ခြင်း ဆောင်ရွက်ခဲ့ပြီး ဖြစ်ပါတယ်၊ စိုက်ထူ ဆိုင်းဘုတ်ရဲ့ ဗိသုကာဒီဇိုင်းပုံစံ နဲ့ ဆိုင်းဘုတ်မှာ ရေးမဲ့ စာသားများ ပါဝင်တဲ့ အဆိုပြုပုံစံ (၃)ခုကို ရှမ်းပြည်နယ်အစိုးရအဖွဲ့သို့ တင်ပြဆောင်ရွက်ရန် ညွှန်ကြားထားရှိပြီး၊ တင်ပြလာပါက ရှမ်းပြည်နယ်အစိုးရအဖွဲ့အစည်းအေဝးမှာ အတည်ပြုချက်ရယူ၍ လာမည့် ပွင့်လင်းကာလများမှာ လုပ်ငန်းများ စတင်ဆောင်ရွက်သွားမှာဖြစ်ပါကြောင်း ဖြကြေားတင်ပြအပ်ပါတယ်"ဟု ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခွန်ရဲထွေးက ဖြကြေားခြင်းဖြစ်သည်။

ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော်၏ (၁၆)ကြိမ်မြောက် လွှတ်တော်အစည်းအေဝးဖြစ်သည့် ၂၀၁၉ခုနှစ် စက်တင်ဘာလ(၁၇)ရက်နေ့က လင်းခေးမဲဆန္ဒနယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းအောင်မျိုးကျော်က ရှမ်းပြည်နယ်အထိမ်းအမှတ် မုခ်ဦးပြုလုပ်ရေးကိစ္စနှင့် ပတ်သက်၍ မေးမြန်းခြင်းဖြစ်သည်။

"မိတ္တီလာ - တောင်ကြီး- ကျိုင်းတုံ - တာချီလိတ် AH2 လမ်းမပေါ်ရှိ မန္တလေးတိုင်းဒေသကြီး နဲ့ ရှမ်းပြည်နယ် နယ်စပ်မျဉ်းတွင် ရှမ်းပြည်နယ်အထိမ်းအမှတ် ဥပမာ ကိန္နရီ ကိန္နရာမောင်နှံ သို့မဟုတ် ရှမ်းအိုးစည်အမှတ်အသားပါသော ရှမ်းပြည်နယ်မှ ကြိုဆိုပါ၏ ဆိုသည့် မြန်မာ၊ ရှမ်း၊ အင်္ဂလိပ် သုံးဘာသာဖြင့် ရေးသားထားသော ကြိုဆို နှုတ်ခွန်းဆက် မုခ်ဦးတစ်ခု ဆောက်လုပ်ပေးရန် အစီအစဉ်ရှိမရှိ နှင့် ရှိပါက မည်သည်အချိန်တွင် ဆောင်ရွက်ပေးမည်၊ မရှိပါက အဘယ်ကြောင့်နည်းဆိုသည်ကို သိရှိလိုကြောင်း" ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းအောင်မျိုးကျော်က လွှတ်တော်တွင် မေးမြန်းသည့်အပေါ် ပြည်နယ်ဝန်ကြီးက ဖြကြေားသွားခဲ့ခြင်းဖြစ်သည်။

Tachileik News Agency
ဓာတ်ပုံ - ရှမ်းပြည်နယ်လွှတ်တော်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net