ပင်းတယမြို့တွင် ဒုတိယအကြိမ် ဓနုတိုင်းရင်းသားရိုးရာယဉ်ကျေးမှုသင်္ကြန် ကျင်းပနေ

ပင်းတယမြို့တွင် ဒုတိယအကြိမ် ဓနုတိုင်းရင်းသားရိုးရာယဉ်ကျေးမှုသင်္ကြန် ကျင်းပနေ
ဧပွီ 16, 2019
By 🌸
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့တွင် ဒုတိယအကြိမ်မြောက် ဓနုတိုင်းရင်းသားရိုးရာယဉ်ကျေးမှုသင်္ကြန်ကို လမ်းလျှောက်သင်္ကြန်အဖြစ် ၂၀၁၉ ခုနှစ် ဧပြီလ (၁၆) ရက်နေ့တွင် တစ်ရက်တာကျင်းပနေသည်။

ဓနုတိုင်းရင်းသားရိုးရာဝတ်စုံများဖြင့် ဆင်နွှဲကြသည့် ဓနုလမ်းလျှောက်သင်္ကြန်ကို ပင်းတယမြို့၊ ပုန်းတလုတ်အရှေ့ဘက်ကန်ပတ်လမ်းတွင် နံနက် (၉)နာရီမှစ၍ကျင်းပနေခြင်းဖြစ်ပြီး ဓနုရိုးရာအတိုင်း မြေအိုးများ၊ အောင်သပြေခက်များ၊ ရိုးရာအိုးစည်များဖြင့် ဆင်နွှဲကြမည်ဖြစ်ပြီး ဓနုရိုးရာပစ္စည်းများဖြင့် ကန်ပတ်လမ်းတလျှောက် တန်ဆာဆင်ထားသည်ကို တွေ့ရသည်။


ဓနုတိုင်းရင်းသားရိုးရာသင်္ကြန်ပွဲတော်အား ပထမဆုံးအကြိမ်အဖြစ် ဓနုတိုင်းရင်းသားလူငယ်များက ၂၀၁၈ ခုနှစ်ကစတင်ခဲ့ခြင်းဖြစ်ပြီး ယခုနှစ်တွင် ဒုတိယမြောက်နှစ်အဖြစ် ဆက်လက်ကျင်းပနေခြင်းဖြစ်သည်။

Tachileik News Agency
ဓါတ်ပုံ - စိုင်းလူခေး

~~~~~~~~⊰❂ Unicode Version ~~~~~~~~
ပင်းတယမြို့တွင် ဓနုတိုင်းရင်းသားရိုးရာယဉ်ကျေးမှုသြင်္ကန် ဒုတိယမြောက်နှစ်အဖြစ် ကျင်းပနေ
************
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့တွင် ဒုတိယအကြိမ်မြောက် ဓနုတိုင်းရင်းသားရိုးရာယဉ်ကျေးမှုသြင်္ကန်ကို လမ်းလျှောက်သြင်္ကန်အဖြစ် ၂၀၁၉ ခုနှစ် ဧပြီလ (၁၆) ရက်နေ့တွင် တစ်ရက်တာကျင်းပနေသည်။

ဓနုတိုင်းရင်းသားရိုးရာဝတ်စုံများဖြင့် ဆင်နွှဲကြသည့် ဓနုလမ်းလျှောက်သြင်္ကန်ကို ပင်းတယမြို့၊ ပုန်းတလုတ်အရှေ့ဘက်ကန်ပတ်လမ်းတွင် နံနက် (၉)နာရီမှစ၍ကျင်းပနေခြင်းဖြစ်ပြီး ဓနုရိုးရာအတိုင်း မြေအိုးများ၊ အောင်သပြေခက်များ၊ ရိုးရာအိုးစည်များဖြင့် ဆင်နွှဲကြမည်ဖြစ်ပြီး ဓနုရိုးရာပစ္စည်းများဖြင့် ကန်ပတ်လမ်းတလျှောက် တန်ဆာဆင်ထားသည်ကို တွေ့ရသည်။

ဓနုတိုင်းရင်းသားရိုးရာသြင်္ကန်ပွဲတော်အား ပထမဆုံးအကြိမ်အဖြစ် ဓနုတိုင်းရင်းသားလူငယ်များက ၂၀၁၈ ခုနှစ်ကစတင်ခဲ့ခြင်းဖြစ်ပြီး ယခုနှစ်တွင် ဒုတိယမြောက်နှစ်အဖြစ် ဆက်လက်ကျင်းပနေခြင်းဖြစ်သည်။

Tachileik News Agency
ဓါတ်ပုံ - စိုင်းလူခေး

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net