အင်းလေးဟိုတယ်ဇုန်တွင် မြေနေရာရယူထားသည့် လုပ်ငန်းရှင် (၁၀၄)ဦးအနက် (၃)ဦးသာ စည်းကမ်းလိုက်နာ

အင်းလေးဟိုတယ်ဇုန်တွင် မြေနေရာရယူထားသည့် လုပ်ငန်းရှင် (၁၀၄)ဦးအနက် (၃)ဦးသာ စည်းကမ်းလိုက်နာ
စကျတငျဘာ 21, 2019
By Tachileik News Agency

ရှမ်းပြည်နယ်(တောင်ပိုင်း) ညောင်ရွှေမြို့နယ်တွင် ၂၀၁၂ ခုနှစ်၊ မတ်လက စတင်အကောင်အထည်ဖေါ်ခဲ့သည့် အင်းလေးဟိုတယ်ဇုန်၌ မြေယာချထားပြီး (၆)လအတွင်း လုပ်ငန်းအကောင်အထည်ဖေါ်ရန် စည်းကမ်းချက်ကို လိုက်နာသည့် လုပ်ငန်းရှင်(၃)ဦးသာရှိသဖြင့် ပြည်နယ်အစိုးရက ပြည်ထောင်စုအစိုးရထံ တင်ပြထားကြောင်း သိရသည်။



အင်းလေးဟိုတယ်ဇုန်စီမံကိန်းနှင့်ပတ်သက်ပြီး ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၃) ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၂၃)ရက်မြောက်နေ့တွင် ညောင်ရွှေ မဲဆန္ဒနယ်မှ ဦးဝင်းမြင့်ဦး(ခ) ဦးနေမျိုးက မေးမြန်းခဲ့ခြင်းကို ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်က ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

အဆိုပါ ဟိုတယ်ဇုန်အတွက် မြေဧရိယာ (၆၂၂) ဧကအား ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနက ၂၀၁၄ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၁၃) ရက်စွဲဖြင့် ကြိုးဝိုင်းတောမြေအဖြစ်မှ စွန့်လွှတ်ပယ်ဖျက်ပေးခဲ့ပြီး ရှမ်းပြည်နယ် အစိုးရအဖွဲ့၏ အစိုးရစီမံခန့်ခွဲပိုင်ခွင့်ရှိသောမြေဖြင့် သတ်မှတ်ခဲ့ခြင်း ဖြစ်သည်။



Tachileik News Agency


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ်(တောင်ပိုင်း) ညောင်ရွှမြေို့နယ်တွင် ၂၀၁၂ ခုနှစ်၊ မတ်လက စတင်အကောင်အထည်ဖော်ခဲ့သည့် အင်းလေးဟိုတယ်ဇုန်၌ မြေယာချထားပြီး (၆)လအတွင်း လုပ်ငန်းအကောင်အထည်ဖော်ရန် စည်းကမ်းချက်ကို လိုက်နာသည့် လုပ်ငန်းရှင်(၃)ဦးသာရှိသဖြင့် ပြည်နယ်အစိုးရက ပြည်ထောင်စုအစိုးရထံ တင်ပြထားကြောင်း သိရသည်။

ဟိုတယ်ဇုန်စီမံကိန်းမြေနေရာအတွက် အကွက်ပေါင်း (၉၈) ကွက်ချပေးခဲ့ပြီး လုပ်ငန်းရှင် (၁၀၄) ဦးက ရှမ်းပြည်နယ်အစိုးရအဖွဲ့ထံ စုစုပေါင်း ကျပ်သန်း(၃၇၂၅၆.၈၉၅) ပေးသွင်းကာ လုပ်ပိုင်ခွင့်ရယူထားကြခြင်း ဖြစ်သည်။

အဆိုပါ ဟိုတယ်ဇုန်၌၂၀၁၉ ခုနှစ်အထိ တည်ဆောက်ပြီး ဟိုတယ် (၁)လုံးနှင့် တည်ဆောက်ဆဲ ဟိုတယ် (၂)လုံးသာရှိသဖြင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့က ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောထား တောင်းခံထားပြီး လမ်းညွှန်ချက်အတိုင်း ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

အင်းလေးဟိုတယ်ဇုန်စီမံကိန်းနှင့်ပတ်သက်ပြီး ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၃) ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၂၃)ရက်မြောက်နေ့တွင် ညောင်ရွှေ မဲဆန္ဒနယ်မှ ဦးဝင်းမြင့်ဦး(ခ) ဦးနေမျိုးက မေးမြန်းခဲ့ခြင်းကို ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်က ပြန်လည်ဖြကြေားခဲ့ခြင်းဖြစ်သည်။

အဆိုပါ ဟိုတယ်ဇုန်အတွက် မြေဧရိယာ (၆၂၂) ဧကအား ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနက ၂၀၁၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၃) ရက်စွဲဖြင့် ကြိုးဝိုင်းတောမြေအဖြစ်မှ စွန့်လွှတ်ပယ်ဖျက်ပေးခဲ့ပြီး ရှမ်းပြည်နယ် အစိုးရအဖွဲ့၏ အစိုးရစီမံခန့်ခွဲပိုင်ခွင့်ရှိသောမြဖြေင့် သတ်မှတ်ခဲ့ခြင်း ဖြစ်သည်။

ဟိုတယ်ဇုန်မြေနေရာတွင် ထင်းခြံနှင့် စိုက်ပျိုးမြေများရှိသည့်အတွက် တောင်သူ (၁၁၆) ဦးကို သီးနှံကြေးနှင့် ဂရုဏာကြေး ကျပ်သန်း (၇၇၅.၆၈)၊ ဘုန်းကြီးကျောင်း (၁၀) ကျောင်းကို ထင်းခြံ လှူဒါန်းငွေ ကျပ်သန်းပေါင်း (၃၃.၄၇၈) ပေးအပ် လှူဒါန်းထားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဟိုတယ်ဇုန် တည်ဆောက်ရေးဦးစီးကော်မတီက ဇုန်အတွင်း မြေသားလမ်းလုပ်ငန်း၊ ကတ္တရာလမ်းလုပ်ငန်း၊ တံတား၊ လမ်းလယ်ကျွန်း၊ လူသွားစင်္ကြန်၊ ကျောက်စီ ရေမြောင်းလုပ်ငန်း၊ လျှပ်စစ်လုပ်ငန်း၊ ဓာတ်အားခွဲရုံ ထပ်တိုး ဖြည့်စွက်လုပ်ငန်းနှင့် ဓာတ်အားခွဲရုံမြေသားလုပ်ငန်း စသည့် လုပ်ငန်းများအတွက် ကျပ်သန်း (၃၃၄၈၉.၂၅၂) သုံးစွဲထားပြီးဖြစ်ကြောင်း သိရသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net