တောင်ကြီးမြို့တွင် စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်သူများကို ဖမ်းမိ၍ စည်ပင်သာယာဥပဒေအရ ကျပ် တစ်သိန်း ဒဏ်ရိုက်

တောင်ကြီးမြို့တွင် စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်သူများကို ဖမ်းမိ၍ စည်ပင်သာယာဥပဒေအရ ကျပ် တစ်သိန်း ဒဏ်ရိုက်
ဇူလိုင် 22, 2020
By Tachileik News Agency

တောင်ကြီးမြို့တွင် စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်သူများကို ဖမ်းမိ၍ စည်ပင်သာယာဥပဒေအရ ကျပ် တစ်သိန်း ဒဏ်ရိုက်

ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီးမြို့တွင် ၂၀၂၀ ခုနှစ်၊ ဇူလိုင်လ (၂၁) ရက်နေ့က မော်တော်ယာဉ်တစ်စီးဖြင့် အမှိုက်များ စည်းကမ်းမဲ့ လာရောက် စွန့်ပစ်နေသူကို ဖမ်းမိသဖြင့် စည်ပင်သာယာရေးဥပဒေအရ  ကျပ်တစ်သိန်း ဒဏ်ရိုက်အရေးယူထားပြီး ခံဝန်ကတိရေးထိုးထားစေကြောင်း သိရသည်။

တောင်ကြီးမြို့၊ ကျောင်းကြီးစုရပ်ကွက်၊ ထင်းရှူးတော၌ ဇူလိုင်လ (၂၁)ရက်နေ့ နေ့လယ် (၃)နာရီဝန်းကျင်တွင် လူ (၃)ဦးက မော်တော်ယာဉ်တစ်စီးဖြင့် အမှိုက်များ လာရောက်စွန့်ပစ်နေသည်ကို စည်ပင်သာယာရေးဌာန၊ စည်းကမ်းထိန်းဌာနစိတ်မှ ဝန်ထမ်းများက ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း သိရသည်။

စည်းကမ်းမဲ့အမှိုက်စွန့်ပစ်သော ယာဉ်မောင်းနှင့် ယာဉ်ပိုင်ရှင်အား ရှမ်းပြည်နယ်စည်ပင်သာယာရေးဥပေဒ ပုဒ်မ( ၈၅ ) အရ တစ်ဦးလျှင် စီမံခန့်ခွဲရေးဒဏ်ကြေးငွေ( ၅၀၀၀၀ )ကျပ်နှုန်းဖြင့် စုစုပေါင်း ကျပ်( ၁၀၀၀၀၀ )တိတိ ဒဏ်ရိုက်အရေးယူထားခြင်းဖြစ်ကြောင်း သိရသည်။

ယင်းအပြင် နောက်နောင်တွင် စည်းကမ်းမဲ့အမှိုက်မစွန့်ပစ်စေရန်ကိုလည်း ဝန်ခံကတိပြုလက်မှတ်ရေးထိုးထားစေကြောင်း သိရသည်။

Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~