တောင်ကြီးမြို့မှ COVID-19 အတည်ပြုလူနာ တစ်ဦး ထပ်တိုး

တောင်ကြီးမြို့မှ COVID-19 အတည်ပြုလူနာ တစ်ဦး ထပ်တိုး
ဧပြီ 21, 2020
By Tachileik News Agency
တောင်ကြီးမြို့မှ COVID-19 အတည်ပြုလူနာ တစ်ဦး ထပ်တိုး

ရန်ကုန်မှ စောင့်ကြည့်လူနာ (၁)ဦးနှင့် တောင်ကြီးမှ အသွားအလာကန့်သတ်ထားသူ (၁)ဦးတို့ကို ၂၀၂၀ ခုနှစ်၊ ဧပြီလ (၂၁)ရက်နေ့၌ အတည်ပြုလူနာအဖြစ် ဓါတ်ခွဲတေွ့ရသဖြင့် အတည်ပြုလူနာ စုစုပေါင်း (၁၂၁)ဦးရှိလာပြီဖြစ်သည်။

အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်)က ဧပြီလ (၂၄)ရက်နေ့၊ ညနေတွင် ပထမအသုတ်အဖြစ်  ဓာတ်ခွဲနမူနာ (၁၈၅) ခုကို စစ်ဆေးရာ အမျိုးသမီး (၂) ဦး၏ ဓာတ်ခွဲနမူနာတွင် COVID-19 ရောဂါပိုး တွေ့ရခြင်းဖြစ်ကြောင်း သိရသည်။

အသက် (၂၁)နှစ်အရွယ်များဖြစ်သည့် အဆိုပါ လူနာအမျိုးသမီး (၂)ဦးကို ရန်ကုန်မြို့ တောင်ဥက္ကလာအထူးကုဆေးရုံနှင့် တောင်ကြီးမြို့ရှိ စဝ်စံထွန်းဆေးရုံများ၌ ကုသပေးမည်ဖြစ်ကြောင်း သိရသည်။

ရှမ်းပြည်နယ်အနေဖြင့် ယနေ့ထပ်တိုးလာသည့် လူနာ (၁)ဦးအပြင် ကုသပေးနေဆဲ အတည်ပြုလူနာ (၅)ဦးရှိနေခြင်းဖြစ်သည်။

မြန်မာနိုင်ငံရှိ ဓာတ်ခွဲအတည်ပြုလူနာများအနက် ရောဂါပိုးကင်းစင်သူ (၉)ဦးရှိလာခဲ့ပြီး သေဆုံးသူ (၅) ဦး ရှိခဲ့ခြင်းဖြစ်သည်။

Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~