သုံးနှစ် သုံးမိုး ဂူတွင်း တရားကျင့် အဓိဌာန်အောင် အထိမ်းအမှတ်အဖြစ် မိုင်းကျက်ဂူတွင် ထားရှိရန်အတွက် မိုင်းဖုန်းဆရာတော်၏ ကြေးရုပ်ထုပုံတူ ရုပ်ပွားတော်ကို မန္တလေးမြို့ကနေ ပင့်ဆောင်

သုံးနှစ် သုံးမိုး ဂူတွင်း တရားကျင့် အဓိဌာန်အောင် အထိမ်းအမှတ်အဖြစ် မိုင်းကျက်ဂူတွင် ထားရှိရန်အတွက် မိုင်းဖုန်းဆရာတော်၏ ကြေးရုပ်ထုပုံတူ ရုပ်ပွားတော်ကို မန္တလေးမြို့ကနေ ပင့်ဆောင်
ဇွန် 26, 2022 | ရှမ်းရှေ့

မိုင်းဖုန်းဆရာတော်၏ ကြေးရုပ်ထုပုံတူ ရုပ်ပွားတော်ကို ဂူအောင်း အဓိဌာန်အောင်အထိမ်းအမှတ်အဖြစ် မိုင်းကျက်ဂူတွင် ထားရှိရန်အတွက်  မန္တလေးမြို့ကနေ ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းဆတ်မြို့နယ်အတွင်းရှိ မိုင်းကျက်ဂူသို့ ပင့်ဆောင်မှုအဖြစ် ဇွန်လ(၂၆)ရက်နေ့တွင် စတင်ကြောင်း သိရသည်။

မိုင်းဖုန်းဆရာတော်၏ ကြေးရုပ်ထုပုံတူ ရုပ်ပွားတော်ကို တောင်တန်းသာသနာပြုဆရာတော် ဦးသုခမိန္ဒ (စဝ်ဆုခမ်း)၏ ကြပ်မတ်စီစဉ်မှုနှင့်အတူ တောင်ကြီးမြို့မှ အလှူရှင်မိသားစု၏ လှူဒါန်းမှုဖြင့် သွန်းလုပ်ခြင်းဖြစ်ပြီး ရုပ်တုကို မန္တလေးမြို့မှ တန့်ယန်း၊ တန့်ယန်းမြို့မှ ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းဆတ်မြို့နယ်အတွင်းရှိ မိုင်းကျက်ဂူသို့ ပင့်ဆောင်မည်ဖြစ်ကြောင်း တောင်တန်းသာသနာပြုဆရာတော် ဦးသုခမိန္ဒ (စဝ်ဆုခမ်း)က ဇွန်လ(၂၅)ရက်နေ့တွင် အသိပေးထားရှိသည်။ 

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းဆတ်မြို့နယ်အတွင်းရှိ မိုင်းကျက်ဂူအတွင်း (၃)နှစ် (၃)လ (၃)ရက် အဓိဋ္ဌာန်ဝင်နေသည့် သဒ္ဓမ္မဇောတိကဓဇ အဂ္ဂမဟာ ကမ္မဋ္ဌာနာစရိယ မိုင်းဖုန်းဆရာတော် ဘဒ္ဒန္တဉာဏသံဝရသည် ၂၀၂၂ခုနှစ် ဇူလိုင်လ(၃၁)ရက်နေ့တွင် ဂူတွင်းမှ အဓိဋ္ဌာန်ထွက်မည်ဖြစ်ပြီး   ဂူအောင်း အဓိဌာန်အောင်အထိမ်းအမှတ်အဖြစ် အဆိုပါ ကြေးရုပ်ထုပုံတူကို ဂူတွင် ပူဇော်ထားရှိမည်ဖြစ်သည်။ 



မိုင်းဖုန်းဆရာတော်သည် ၂၀၂၂ခုနှစ် ဇူလိုင်လ(၃၁)ရက်နေ့တွင် ဂူအတွင်းမှ အဓိဋ္ဌာန်ထွက်မည်ဖြစ်ပြီး ဆရာတော်သည် မိုင်းကျက်အောက် ဂူတွင် ဩဂုတ်လ(၄)ရက်နေ့အထိ (၅)ရက်တိုင်တိုင် အပူဇော်ခံမည်ဖြစ်သည့်အတွက်   မိုင်းဖုန်းဆရာတော် အဓိဌာန်ထွက်သည့်အခါ တရားတော်ဟောကြားနိုင်ရန် နှင့် ဆရာတော် စံမြန်းနိုင်ရန် အပါအဝင် လာရောက်ဖူးမြော်လိုသူများ သွားရေး လာရေးအဆင်ပြေရေးအတွက်   ဆရာတော်၏ အကျိုးတော်ဆောင်များက လမ်းများ၊ အဆောက်အဦးများ၊ ကျောင်းကန်များ ဆောက်လုပ်နေသည့်အပြင် လမ်းတံတား(ချောင်းကြိုးတံတား)များလည်း စေတနာရှင်အလှူရှင်များ၏ လှူဒါန်းမှုများဖြင့် လုပ်ဆောင်နေလျှက်ရှိကြောင်းလည်း သိရသည်။



မိုင်းဖုန်းဆရာတော်သည်  ၂၀၁၉ခုနှစ် ဧပြီလ(၂၈)ရက်နေ့က စပြီး မိုင်းဆတ်ခရိုင်၊ မိုင်းဆတ်မြို့နယ်အတွင်း မိုင်းကျက်ရွာ၊ မဟာမုနိစုမ့်မိုင်း မိုင်းကျက်ဂူအတွင်း တရားကျင့် အဓိဌာန်ဝင်ခဲ့ပြီးနောက် ဇူလိုင်လ(၂၁)ရက်နေ့တွင်  အဓိဌာန်ထွက်မည်ဖြစ်ပြီး ဂူထွက်မည့်နေ့တွင် လာရောက်ဖူးမြော်သူ သိန်းနှင့်ချီ လာရောက်နိုင်ရန်အတွက် ပြင်ဆင်ထားရှိသည်ဟု သိရသည်။

 



#TachileikNewsAgency

Photo:  Sao Su Kham