တာချီလိတ်မြို့ ဝေဠုဝန်ကျောင်းတိုက်မှ ကျောင်းထိုင်ဆရာတော်နှင့်ကိုရင်များ အပါအဝင် ယောဂီများအထိ (၆၁)ဦး Covid-19 ကူးစက်ခံထားရ

တာချီလိတ်မြို့ ဝေဠုဝန်ကျောင်းတိုက်မှ ကျောင်းထိုင်ဆရာတော်နှင့်ကိုရင်များ အပါအဝင် ယောဂီများအထိ (၆၁)ဦး Covid-19 ကူးစက်ခံထားရ
သြဂုတ် 27, 2021 | Covid-19| ရှမ်းရှေ့

တာချီလိတ်မြို့ ရန်အောင်မြေ(ပါလျှံ)ရပ်ကွက်အတွင်း ဝေဠုဝန်ကျောင်းတိုက်မှ ကျောင်းထိုင်ဆရာတော်နှင့်ကိုရင်များ အပါအဝင် ယောဂီများအထိ စုစုပေါင်း (၆၁)ဦး Covid-19 ကူးစက်ခံထားရကြောင်း  သိရသည်။

ယနေ့ ၂၀၂၁ခုနှစ် ဩဂုတ်လ(၂၇)ရက်နေ့တွင် ဝေဠုဝန်ကျောင်းတိုက်အတွင်း RDT Test Kit ဖြင့်  Covid-19 စစ်ဆေးချက်အရ ကျောင်းထိုင်ဆရာတော်အပါအဝင် ရဟန်းသံဃာသာမဏေ၊ကျောင်းသား စုစုပေါင်း (၅၃)နှင့် အမျိုးသမီးယောဂီ သီလရှင်များအပါအဝင် (၈)ဦး စုစုပေါင်း (၆၁)ဦး တွေ့ရှိခြင်း ဖြစ်ကြောင်း သိရသည်။

ကျောင်းထိုင်ဆရာတော်အပါအဝင် ရဟန်း ၊ သံဃာ၊ သာမဏေနှင့် ကျောင်းသား စုစုပေါင်း (၅၃)ဦးအား ဝမ်လုံး Covid-19 စောင့်ကြည့်စင်တာတွင်ထားရှိပြီး အမျိုးသမီးယောဂီ သီလရှင်များအပါအဝင် (၈)ဦးကိုတော့ မိုးကုတ်တရားရိပ်သာရှိ Covid-19 စောင့်ကြည့် စင်တာတွင် ထားရှိကြောင်း သိရသည်။

တာချီလိတ်မြို့တွင် လူပုဂ္ဂိုလ်များတွင် Covid-19 ပိုး တွေ့ရှိနေရာမှ Covid-19 ကူးစက်ခံထားရသည့် ရဟန်း၊ သံဃာ နှင့် ကိုရင် ၊ သီလရှင် စုစုပေါင်းမှာ (၁၀၀)ဝန်းကျင်အထိ ရှိလာပြီး မယ်ယန်း၊ ဝမ်ကောင်း နှင့် ရန်အောင်မြေ(ပါလျှံ)တို့မှ ဖြစ်ကြောင်း သိရသည်။

တာချီလိတ်မြို့တွင် Covid-19 ကူးစက်ခံထားရသူ (၂၂၀၀)ကျော်ရှိသည့်အနက် ဆေးရုံဆင်းနှင့် စင်တာများကနေ နေအိမ်ပြန်ခွင့်ရရှိများမှာလည်း (၁၈၀၀)ကျော်အထိ ရှိနေကြောင်းလည်း သိရသည်။