တာချီလိတ် နှင့် မယ်ဆိုင်အကြား မြန်မာလိုင်စင်ယာဉ်များ အလှည့်ကျစနစ်ဖြင့် သွားနိုင်ရန် စီစဉ်

တာချီလိတ် နှင့် မယ်ဆိုင်အကြား မြန်မာလိုင်စင်ယာဉ်များ အလှည့်ကျစနစ်ဖြင့် သွားနိုင်ရန် စီစဉ်
စက်တင်ဘာ 23, 2020
By Tachileik News Agency
တာချီလိတ် နှင့် မယ်ဆိုင်အကြား  မြန်မာလိုင်စင်ယာဉ်များ အလှည့်ကျစနစ်ဖြင့် သွားနိုင်ရန် စီစဉ်
COVID-19 ရောဂါကာကွယ်ရေးအတွက် မြန်မာနိုင်ငံနဲ့ ထိုင်းနိုင်ငံကြားမှာ ယာဉ်အစီးရေကန့်သတ်ပြေးဆွဲမှုတွေကို ၂၀၂၀ ခုနှစ်စက်တင်ဘာလ (၁၇) ရက်နေ့က စတင်ခဲ့ပြီး ထိုင်းနိုင်ငံဘက်က အလှည့်ကျစနစ်နဲ့ ပြေးဆွဲနေသလို မြန်မာဘက်ကလည်း အလှည့်ကျစနစ်နဲ့ပြေးဆွဲဖို့အတွက် မဲစနစ်နဲ့စတင်လုပ်ဆောင်ခဲ့တယ်လို့ တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စောက ပြောပါတယ်။
အခု ခွင့်ပြုပေးလိုက်တဲ့ ယာဉ်(၅၄)စီးကတော့ ယခင် တံတား(၁)နဲ့(၂)မှာ ကုန်စည်သယ်ဆောင်ဖူးသူတွေကို အဓိကဦးစားပေးရွေးချယ်ခဲ့တာဖြစ်ပြီး မယ်ဆိုင်ဘက်နဲ့ ကုန်စည်ကူးသန်းချင်တဲ့ ယာဉ်ပိုင်ရှင်တွေအနေနဲ့ ထပ်မံစာရင်းပေးသွင်းနိုင်တယ်လို့ တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူးက ပြောပါတယ်။
Tachileik News Agency
သတင်းတင်ဆက် - ကိုဇောင်း
သတင်း/ရိုက်ကူး - ဟန်စိုးထိုက်
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~