မဲရုံမှူးနှင့် ဒုတိယမဲရုံမှူး တာဝန်ယူကြမည့် ပညာရေးဝန်ထမ်းများ သင်တန်းတစ်ရက်တာဖြင့် မလုံလောက်၍ UEC ၏ ညွှန်ကြားချက်များအား ကိုယ်တိုင်လေ့လာကြရန် တိုက်တွန်း

မဲရုံမှူးနှင့် ဒုတိယမဲရုံမှူး တာဝန်ယူကြမည့် ပညာရေးဝန်ထမ်းများ သင်တန်းတစ်ရက်တာဖြင့် မလုံလောက်၍ UEC ၏ ညွှန်ကြားချက်များအား ကိုယ်တိုင်လေ့လာကြရန် တိုက်တွန်း
အောက်တိုဘာ 23, 2020
By Tachileik News Agency
မဲရုံမှူးနှင့် ဒုတိယမဲရုံမှူး တာဝန်ယူကြမည့် ပညာရေးဝန်ထမ်းများ သင်တန်းတစ်ရက်တာဖြင့် မလုံလောက်၍ UEC ၏ ညွှန်ကြားချက်များအား ကိုယ်တိုင်လေ့လာကြရန် တိုက်တွန်း
၂၀၂၀ ရွေးကောက်ပွဲတွင် မဲရုံများ၌ မဲရုံမှူးနှင့် ဒုတိယမဲရုံမှူး တာဝန်ယူကြမည့် ဆရာ၊ ဆရာမများအား သင်တန်းချိန် လုံလောက်နိုင်မည် မဟုတ်၍ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ ညွှန်ကြားချက်များကို လေ့လာရန် တာချီလိတ်မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဌက တိုက်တွန်းပြောကြားလိုက်သည်။
“ကျွန်တော်တို့ UEC ကနေ စာရွက်စာတမ်းတွေ၊ ဗီဒီယိုတွေ၊ တိပ်တွေနဲ့ စီစဉ်ပေးထားတာလည်း တော်တော် ပြည့်စုံပါတယ်။ သေချာလုပ်နိုင်ဖို့ဆိုရင်တော့ ဆရာ၊ ဆရာမများအနေနဲ့ သင်တန်းတစ်ခုထဲကတော့ အချိန်နည်းတဲ့အတွက် အားကိုးလို့မရဘဲ မိမိကိုယ်တိုင်ပဲ စာအုပ်စာတမ်းတွေ လေ့လာမယ်။ ကျွန်တော်တို့ UEC Website ကနေ လွှင့်တင်ထားတဲ့ ဗီဒီယိုတွေ၊ ညွန်ကြားချက်တွေကို လေ့လာမယ်ဆိုရင်တော့ ပိုပြီးပြည့်စုံသွားမှာပါ ခင်ဗျ”ဟု တာချီလိတ်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဌ ဦးအောင်မင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
တာချီလိတ်မြို့နယ်အတွင်း မဲရုံများ၌ မဲရုံမှူးနှင့် ဒုတိယမဲရုံမှူး တာဝန်ယူကြမည့် ဆရာ၊ ဆရာမများအား ၂၀၂၀ ခုနှစ်၊ အောက်တိုဘာလ (၂၃) ရက်နေ့၌ တာချီလိတ်မြို့ရှိ အထက ဆန်ဆိုင်းကျောင်းတွင် မဲရုံမှူးနှင့် ဒုတိယမဲရုံမှူးသင်တန်း စတင်ပို့ချပေးနေခြင်းဖြစ်သည်။
မဲရုံမှူးများ၊ ဒုတိယမဲရုံမှူး တာဝန်ယူမည့် ပညာရေးဝန်ထမ်းများအား မဲလက်မှတ်စစ်ဆေးခြင်း၊ ရေတွက်ခြင်းနှင့် မဲပေးရာတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီဖြစ်စေရေးအတွက် ကြီးကြပ်ဆောင်ရွက်နိုင်ရန် တစ်ရက်တာသင်တန်းပို့ချပေးခြင်းဖြစ်သည်။
သင်တန်းသို့ မြို့နယ်အတွင်း မဲရုံများတွင် တာဝန်ယူပေးကြမည့် ပညာရေးဝန်ထမ်း ( ၈၄) ဦး တက်ရောက်ကြပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဌ ဦးအောင်မင်းနှင့် မြို့နယ်ပညာရေးမှူး ဦးအောင်သင်းတို့က သင်တန်းဖွင့်ပွဲသို့ တက်ရောက်ကြသည်။
တာချီလိတ်မြို့နယ်တွင် မဲပေးကြမည့် မဲဆန္ဒရှင်ဦးရေ (၁၃၀,၀၀၀) ကျော်ရှိပြီး မဲရုံအရေအတွက် (၇၀) သတ်မှတ်ထားခြင်းဖြစ်သည်။
Tachileik News Agency
သတင်း - ဟန်စိုးထိုက်
ဓာတ်ပုံ - ကျော်ဇင်ဟိန်း
 


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~