တာခ်ီလိတ္တြင္ ႏိုင္ငံေတာ္ဘ႑ာသိမ္းအျဖစ္ သတ္မွတ္ထားသည့္ ဆိုဒီယမ္ဆိုင္ယာႏိုဒ္ ကီလို (၁၈,၀၀၀)ကို ေလလံဆြဲလိုသူ လက္ရွိတြင္ စာရင္းအရ (၅)ဦးရွိေန

တာခ်ီလိတ္တြင္ ႏိုင္ငံေတာ္ဘ႑ာသိမ္းအျဖစ္ သတ္မွတ္ထားသည့္ ဆိုဒီယမ္ဆိုင္ယာႏိုဒ္ ကီလို (၁၈,၀၀၀)ကို ေလလံဆြဲလိုသူ လက္ရွိတြင္ စာရင္းအရ (၅)ဦးရွိေန
မေ 25, 2019
By Tachileik News Agency

ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ တာခ်ီလိတ္ၿမိဳ႕တြင္ ၿမိဳ႕နယ္တရားရံုးက သက္ေသခံပစၥည္းဘ႑ာသိမ္းျဖစ္ၿပီး ေရႊတူးေဖာ္ေရးလုပ္ငန္းတြင္ အသံုးျပဳသည့္ ဆိုဒီယမ္ဆိုင္ယာႏိုဒ္( Sodium Cyanide )မ်ားကို ၂၀၁၉ ခုႏွစ္၊ ေမလ (၂၉)ရက္ေန႔၌ ၿမိဳ႕မရဲစခန္းတြင္ ေလလံတင္ေရာင္းခ်မည္ျဖစ္ေၾကာင္း အသိေပးထားရွိၿပီးေနာက္ ေလလံဆြဲ၀ယ္ယူမည့္သူ စာရင္းမွာ (၅)ဦးရွိေၾကာင္း သိရသည္။

ဆိုဒီယမ္ဆိုင္ယာႏုိဒ္ (၅၀)ကီလိုပါ သံပံုး စုစုေပါင္း(၃၆၀)တုိ႔အား ခြင့္ျပဳမိန္႔သက္တမ္းရိွေနသည့္ ေရႊသတၱဳတူးေဖၚေရးကုမၸဏီမ်ားအေနျဖင့္ ေလလံဆြဲႏုိင္မည္ျဖစ္ၿပီး ခရိုင္တရားရံုးေလလံတင္ေရာင္းခ်ေရးအဖြဲ႕ေရွ႕၌ ေစ်းၿပိဳင္စနစ္ျဖင့္ ေစ်းအမ်ားဆံုးေပးသူကို ေရာင္းခ်သြားမည္ျဖစ္ေၾကာင္း သိရသည္။

အဆိုျပဳလႊာတင္သြင္းလိုသူမ်ား အေနျဖင့္ ေလလံေလွ်ာက္လႊာမ်ားကို ေမလ (၁၀)ရက္ေန႔မွ (၂၄)ရက္ေန႔အတြင္း တစ္ေစာင္လွ်င္ က်ပ္(၁၀,၀၀၀)ႏႈန္းျဖင့္ ဝယ္ယူၿပီး တာခ်ီလိတ္ခရိုင္တရားရံုးသို႔ ေပးပို႔ေလွ်ာက္ထားႏုိင္ေၾကာင္း သိရသည္။

ေလလံေအာင္သူအေနျဖင့္ ေလလံဆြဲဝယ္ယူသည့္တန္ဖိုး၏ (၂၅)ရာခုိင္ႏႈန္းကို ေန႔ခ်င္းေပးသြင္းရမည္ျဖစ္ၿပီး ေပးသြင္းျခင္း မျပဳႏုိင္ပါက ေလလံထပ္တင္မည္ျဖစ္ေၾကာင္း သိရသည္။

အဆိုပါ ဆိုဒီယမ္ဆိုင္ယာႏိုဒ္မ်ားထံက ကီလို(၁၅,၀၀၀)အား ထိုင္းႏိုင္ငံ မူးယစ္ေဆးဝါး ထိန္းခ်ဳပ္ေရးအဖြဲ႕ (ONCB)ႏွင့္ ျမန္မာႏိုင္ငံမူးယစ္ေဆး၀ါး တားဆီးႏွိမ္ႏွင္းေရး ရဲတပ္ဖြဲ႔တို႔ သတင္းဖလွယ္ဆက္သြယ္ခ်က္အရ မူးယစ္တပ္ဖြဲ႔စု(၃၀)တာခ်ီလိတ္မွ တပ္ဖြဲ႔၀င္မ်ား ႏွင့္ တာခ်ီလိတ္ၿမိဳ႕နယ္ အေကာက္ခြန္ဦးစီးဌာနမွ တာ၀န္ရွိသူမ်ား ပါ၀င္ေသာသက္ဆိုင္ရာ ပူးေပါင္းအဖြဲ႔ျဖင့္၂၀၁၈ခုႏွစ္ ဇြန္လ(၂)ရက္ေန႔ နံနက္(၁၁)နာရီခြဲ၀န္းက်င္အခ်ိန္က ခ်စ္ၾကည္ေရးအမွတ္(၂)တံတားတြင္ ထိုင္းႏိုင္ငံသား ေမာင္းႏွင္လာသည့္ (၁၀)ဘီးယာဥ္အတြင္းမွ ရွာေဖြေတြ႔ရွိ ဖမ္းဆီးရမိျခင္းျဖစ္သည္။

က်န္ရွိသည့္ ကီလို(၃၀၀၀)အား တာခ်ီလိတ္ၿမိဳ႕ မယ္ဟုတ္ရြာရွိ တာခ်ီလိတ္ - က်ဳိင္းတံုသြားလမ္း ကားလမ္းတြင္ ၂၀၁၈ခုႏွစ္ မတ္လ(၂၅)ရက္ေန႔ နံနက္(၇)နာရီခြဲ၀န္းက်င္အခ်ိန္က အီတန္(၆)ဘီးယာဥ္ေပၚမွ စစ္ေဆးရွာေဖြ ဖမ္းဆီးရမိျခင္း ျဖစ္ေၾကာင္း သိရသည္။

ပံုအညႊန္း - ဖမ္းဆီးရမိသည့္အခ်ိန္က စစ္ေဆးေနသည့္ ပံုမ်ား။

Tachileik News Agency

~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် မြို့နယ်တရားရုံးက သက်သေခံပစ္စည်းဘဏ္ဍာသိမ်းဖြစ်ပြီး ရွှေတူးဖော်ရေးလုပ်ငန်းတွင် အသုံးပြုသည့် ဆိုဒီယမ်ဆိုင်ယာနိုဒ်( Sodium Cyanide )များကို ၂၀၁၉ ခုနှစ်၊ မေလ (၂၉)ရက်နေ့၌ မြို့မရဲစခန်းတွင် လေလံတင်ရောင်းချမည်ဖြစ်ကြောင်း အသိပေးထားရှိပြီးနောက် လေလံဆွဲဝယ်ယူမည့်သူ စာရင်းမှာ (၅)ဦးရှိကြောင်း သိရသည်။

ဆိုဒီယမ်ဆိုင်ယာနိုဒ် (၅၀)ကီလိုပါ သံပုံး စုစုပေါင်း(၃၆၀)တို့အား ခွင့်ပြုမိန့်သက်တမ်းရှိနေသည့် ရွှေသတ္တုတူးဖော်ရေးကုမ္ပဏီများအနဖြေင့် လေလံဆွဲနိုင်မည်ဖြစ်ပြီး ခရိုင်တရားရုံးလေလံတင်ရောင်းချရေးအဖွဲ့ရှေ့၌ ဈေးပြိုင်စနစ်ဖြင့် ဈေးအများဆုံးပေးသူကို ရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပြုလွှာတင်သွင်းလိုသူများ အနဖြေင့် လေလံလျှောက်လွှာများကို မေလ (၁၀)ရက်နေ့မှ (၂၄)ရက်နေ့အတွင်း တစ်စောင်လျှင် ကျပ်(၁၀,ဝဝဝ)နှုန်းဖြင့် ဝယ်ယူပြီး တာချီလိတ်ခရိုင်တရားရုံးသို့ ပေးပို့လျှောက်ထားနိုင်ကြောင်း သိရသည်။

လေလံအောင်သူအနဖြေင့် လေလံဆွဲဝယ်ယူသည့်တန်ဖိုး၏ (၂၅)ရာခိုင်နှုန်းကို နေ့ချင်းပေးသွင်းရမည်ဖြစ်ပြီး ပေးသွင်းခြင်း မပြုနိုင်ပါက လေလံထပ်တင်မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဆိုဒီယမ်ဆိုင်ယာနိုဒ်များထံက ကီလို(၁၅,ဝဝဝ)အား ထိုင်းနိုင်ငံ မူးယစ်ဆေးဝါး ထိန်းချုပ်ရေးအဖွဲ့ (ONCB)နှင့် မြန်မာနိုင်ငံမူးယစ်ဆေးဝါး တားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့တို့ သတင်းဖလှယ်ဆက်သွယ်ချက်အရ မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ်မှ တပ်ဖွဲ့ဝင်များ နှင့် တာချီလိတ်မြို့နယ် အကောက်ခွန်ဦးစီးဌာနမှ တာဝန်ရှိသူများ ပါဝင်သောသက်ဆိုင်ရာ ပူးပေါင်းအဖွဲ့ဖြင့်၂၀၁၈ခုနှစ် ဇွန်လ(၂)ရက်နေ့ နံနက်(၁၁)နာရီခွဲဝန်းကျင်အချိန်က ချစ်ကြည်ရေးအမှတ်(၂)တံတားတွင် ထိုင်းနိုင်ငံသား မောင်းနှင်လာသည့် (၁၀)ဘီးယာဉ်အတွင်းမှ ရှာဖွေတွေ့ရှိ ဖမ်းဆီးရမိခြင်းဖြစ်သည်။

ကျန်ရှိသည့် ကီလို(၃၀၀၀)အား တာချီလိတ်မြို့ မယ်ဟုတ်ရွာရှိ တာချီလိတ် - ကျိုင်းတုံသွားလမ်း ကားလမ်းတွင် ၂၀၁၈ခုနှစ် မတ်လ(၂၅)ရက်နေ့ နံနက်(၇)နာရီခွဲဝန်းကျင်အချိန်က အီတန်(၆)ဘီးယာဉ်ပေါ်မှ စစ်ဆေးရှာဖွေ ဖမ်းဆီးရမိခြင်း ဖြစ်ကြောင်း သိရသည်။

ပုံအညွှန်း - ဖမ်းဆီးရမိသည့်အချိန်က စစ်ဆေးနေသည့် ပုံများ။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net