ယူကရိန်းဘူတာရုံကို ရုရှားက တာတိုပစ် ပဲ့ထိန်းဒုံးကျည်သုံးပြီး တိုက်ခိုက်ခဲ့ကြောင်း အမေရိကန် ယုံကြည်သော်လည်း ရုရှားက ငြင်းဆန်

ရထားဘူတာရုံ  ပဲ့ထိန်းဒုံးကျည်ဖြင့် ပစ်ခတ်ခံရပြီးနောက် မြင်ကွင်း - Photo: REUTERS
ရထားဘူတာရုံ ပဲ့ထိန်းဒုံးကျည်ဖြင့် ပစ်ခတ်ခံရပြီးနောက် မြင်ကွင်း - Photo: REUTERS
ယူကရိန်းဘူတာရုံကို ရုရှားက တာတိုပစ် ပဲ့ထိန်းဒုံးကျည်သုံးပြီး တိုက်ခိုက်ခဲ့ကြောင်း အမေရိကန် ယုံကြည်သော်လည်း ရုရှားက ငြင်းဆန်
By Mr John

ယူကရိန်းနိုင်ငံ၏ အရှေ့ပိုင်းရှိ ရထားဘူတာရုံကို တိုက်ခိုက်ခဲ့ရာတွင် ရုရှားက တာတိုပစ် ပဲ့ထိန်းဒုံးကျည် အသုံးပြုခဲ့သည်ဟု အမေရိကန်က ယုံကြည်ကြောင်း အမေရိကန်ကာကွယ်ရေးဌာန အကြီးတန်းအရာရှိတစ်ဦးက ပြောသည်။

ဧပြီ (၈)ရက်နေ့က Kramatorsk မြို့ရှိ ရထားဘူတာရုံတွင် စစ်ဘေးရှောင်ထွက်ပြေးကြမည့် အရပ်သားများ ပြည့်နှက်နေစဥ် ဒုံးကျည်ထိမှန်ခဲ့ခြင်းဖြစ်ပြီး လူ (၅၂) ဦးထက်မနည်း သေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာရခဲ့သည်။ ရုရှားတပ်ဖွဲ့တွေက SS-21 Scarab ဒုံးကျည်ဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်သို့သော် ဘူတာရုံကို တိုက်ခိုက်သည့်အကြောင်းရင်းကိုမူ ရှင်းရှင်းလင်းလင်း မသိရကြောင်း ပင်တဂွန်စစ်ဌာနချုပ်က ယုံကြည်ထားသည်ဟု အမည်မဖော်လိုသည့် အမေရိကန်ကာကွယ်ရေးဌာန အရာရှိက ပြောသည်။

 Fadel Senna /AFP

ယခင် ဆိုဗီယက်ပြည်ထောင်စုခေတ်က Tochka ဟု သိခဲ့ကြသည့် ဒုံးကျည်အမျိုးအစားကို NATO စစ်ဘက်မဟာမိတ်အုပ်စုက SS-21 ဟု အမည်သုံးနှုန်း ခေါ်ဝေါ်ကြသည်ဟု ဆိုသည်။ အမေရိကန်က ယခုတိုက်ခိုက်မှုကို စိစစ်လေ့လာနေကြောင်းနှင့် ဒုံးကျည်များ အစုအပြုံလိုက် အသုံးပြုခဲ့ခြင်းရှိ၊ မရှိ အတိအကျ မသိရသေးကြောင်း အမေရိကန်အရာရှိက ပြောသည်။

"ရုရှားတွေက သူတို့ပစ်တာ မဟုတ်ဘူးလို့ ငြင်းဆိုတာကို ကျွန်တော်တို့ လက်မခံပါဘူး" ဟုလည်း ၎င်းက ဆိုသည်။ ရုရှားအစိုးရသတင်းဌာန RIA ကမူ ဘူတာရုံကို ထိမှန်ခဲ့သည့် ဒုံးကျည်မှာ ယူကရိန်းစစ်တပ်က အသုံးပြုသည့် ဒုံးကျည်များသာဖြစ်ပြီး ရုရှားစစ်တပ်က Kramatorsk မြို့တွင် မည်သည့်ပစ်မှတ်ကိုမျှ သတ်မှတ်ညွှန်ကြားထားခြင်းမရှိကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနကို ကိုးကားပြီး ဖော်ပြသည်။

ယူကရိန်းသမ္မတ ဗိုလိုဒီမြာ ဇီလန်းစကီးက လူ (၅၀) ကျော် သေဆုံးခဲ့သည့် ရထားဘူတာရုံ တိုက်ခိုက်မှုကို စစ်ရာဇဝတ်မှုဖြစ်ကြောင်း ပြောဆိုခဲ့သည်။ ဗြိတိန်ကာကွယ်ရေးဝန်ကြီးဌာနကလည်း ရုရှားတပ်ဖွဲ့တွေက အရပ်သားတွေကို ပစ်မှတ်ထားနေခဲ့ကြောင်း ဧပြီ (၉) ရက်တွင် ပြောသည်။



Source: Reuters

  • ဆက်စပ်သတင်း

ယူကရိန်း ရထားဘူတာရုံကို ရုရှားတပ်ဖွဲ့ဘက်က ဒုံးကျည်ဖြင့် ပစ်ခတ်မှုကြောင့် စစ်ရှောင်ပြည်သူ(၅၀)ထက် မနည်း သေဆုံး