မိုင်းရယ်မြို့ ဟိုယပရိယတ္တိစာသင်တိုက်မှ ကိုရင် ၉ ပါးတွင် COVID 19 ပိုး ထပ်မံတွေ့ရှိ

Photo: ဟိတဓရလူမှုကူညီရေးအသင်း
Photo: ဟိတဓရလူမှုကူညီရေးအသင်း
မိုင်းရယ်မြို့ ဟိုယပရိယတ္တိစာသင်တိုက်မှ ကိုရင် ၉ ပါးတွင် COVID 19 ပိုး ထပ်မံတွေ့ရှိ
သြဂုတ် 28, 2021 | Covid-19| ရှမ်းမြောက်

ရှမ်းပြည်နယ် (မြောက်ပိုင်း) မိုင်းရယ်မြို့နယ်ရှိ ဟိုယပရိယတ္တိစာသင်တိုက်မှ COVID 19 ကူးစက်သည့် ကိုရင် (၉) ပါးကို ၂၀၂၁ ခုနှစ် ဩဂုတ်လ (၂၈) ရက်နေ့ စစ်ဆေးမှုအတွင်း ထပ်တိုးတွေ့ရကြောင်း သိရသည်။

စာသင်တိုက်မှ ကိုရင် (၁၀၇) ပါးနှင့် လူ (၇) ယောက်ကို ယနေ့စစ်ဆေးပေးရာ အတည်ပြုလူနာ (၉) ပါးတွေ့ရသဖြင့် ဟိတဓရလူမှုကူညီရေးအသင်းက ဆေးရုံသို့ ပို့ဆောင်ပေးထားကြောင်း သိရသည်။

ဟိုယပရိယတ္တိစာသင်တိုက်မှ ကျောင်းထိုင်ဆရာတော်အပါအဝင် သံဃာတော် (၇)ပါးတွင် COVID 19 ကူးစက်နေသည်ကို ဩဂုတ်လ (၂၆) ရက်နေ့က စစ်ဆေးတွေ့ရပြီး ဩဂုတ်လ (၂၇) ရက်နေ့ စစ်ဆေးမှုအတွင်း ကိုရင် (၁)ပါးတွင် ပိုးတွေ့ခဲ့ရကြောင်း သိရသည်။

လက်ရှိတွင် COVID 19 ပိုးတွေ့ရသည့် ကျောင်းထိုင်ဆရာတော်အပါအဝင် သံဃာတော်နှင့် ကိုရင် (၁၇)ပါးကို ကုသပေးနေပြီး ကျောင်းတိုက်ကို အဝင်အထွက် ကန့်သတ်ထားကြောင်း သိရသည်။

ဆက်စပ်သတင်း

မိုင်းရယ်မြို့ ဟိုယပရိယတ္တိစာသင်တိုက်မှ ကျောင်းထိုင်ဆရာတော် အပါအဝင် (၈)ပါးတွင် COVID 19 ပိုးတွေ့