ကျောက်မဲတွင် ကျင်းပမည့် ကလပ်ပေါင်းစုံ ပိုက်ကျော်ခြင်းပြိုင်ပွဲအတွက် မေလ(၂၆)ရက်နေ့ နောက်ဆုံးထား စာရင်းပေးသွင်းနိုင်
ကျောက်မဲတွင် ကျင်းပမည့် ကလပ်ပေါင်းစုံ ပိုက်ကျော်ခြင်းပြိုင်ပွဲအတွက် မေလ(၂၆)ရက်နေ့ နောက်ဆုံးထား စာရင်းပေးသွင်းနိုင်
မေ 22, 2018
By Tachileik News Agency
ကျောက်မဲမြို့နယ် အားကစားနှင့် ကာယပညာကော်မတီဥက္ကဌဖလား ကလပ်ပေါင်းစုံ ပိုက်ကျော်ခြင်း ပြိုင်ပွဲကို မေလ (၂၈)ရက်နေ့နှင့် (၂၉)ရက်နေ့များတွင် မိုးလုံလေလုံအားကစားကွင်းတွင် ကျင်းပမည်ဖြစ်ရာ ပြိုင်ပွဲ ဝင်လိုသူများအနေဖြင့် မေလ (၂၆) ရက်နေ့ နောက်ဆုံးထား စာရင်းပေးသွင်း နိုင်ကြောင်း သိရသည်။
အဆိုပါ ပိုက်ကျော်ခြင်းပြိုင်ပွဲမှ ရွေးချယ်ခံရသည့် အသင်းများအနေဖြင့် ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့တွင် ကျင်းပမည့် ပြည်နယ်ဝန်ကြီးချုပ်ဖလား အသက် (၂၅) နှစ်အောက် ပိုက်ကျော်ခြင်း ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်နိုင်မည်ဖြစ်ကြောင်း သိရသည်။
သတင်း - နေဖြိုးမြင့်
~~~~~~~~⊰❂ unicode ~~~~~~~~
ကျောက်မဲမြို့နယ် အားကစားနှင့် ကာယပညာကော်မတီဥက္ကဌဖလား ကလပ်ပေါင်းစုံ ပိုက်ကျော်ခြင်း ပြိုင်ပွဲကို မေလ (၂၈)ရက်နေ့နှင့် (၂၉)ရက်နေ့များတွင် မိုးလုံလေလုံအားကစားကွင်းတွင် ကျင်းပမည်ဖြစ်ရာ ပြိုင်ပွဲ ဝင်လိုသူများအနဖြေင့် မေလ (၂၆) ရက်နေ့ နောက်ဆုံးထား စာရင်းပေးသွင်း နိုင်ကြောင်း သိရသည်။
အဆိုပါ ပိုက်ကျော်ခြင်းပြိုင်ပွဲမှ ရွေးချယ်ခံရသည့် အသင်းများအနဖြေင့် ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့တွင် ကျင်းပမည့် ပြည်နယ်ဝန်ကြီးချုပ်ဖလား အသက် (၂၅) နှစ်အောက် ပိုက်ကျော်ခြင်း ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်နိုင်မည်ဖြစ်ကြောင်း သိရသည်။
“ပြိုင်ပွဲတွေ လုပ်ပေးတာက ကောင်းပါတယ်၊ ဆုရတာဖြစ်ဖြစ် မရတာဖြစ်ဖြစ် ဝင်ပြိုင်ရတာက ပိုပြီးတော့ ပညာတိုးစေတယ်။ အတွေ့အကြုံလည်းရတယ်။ လူငယ်ပိုင်းကတော့ ကစားတာနည်းတယ်။ ကျွမ်းကျင်တဲ့ အဆင့်ဖြစ်ဖို့ဆိုရင် အသက်ကြီးပိုင်းတွေဆီကနေ ပြန်လေ့လာနေရတယ်။ ခြင်းလုံး ကစားတာက လူငယ်တွေ သိပ်စိတ်မဝင်စားကြဘူး”ဟု ကျောက်မဲမြို့၊ အမှတ် (၂)ရပ်ကွက်တွင် နေထိုင်သူ ကိုမင်းမင်းဦးက ပြောသည်။
ပြိုင်ပွဲတွင် ပထမဆု ကျပ်တစ်သိန်းနှင့် ဒိုင်းဆု၊ ဒုတိယဆု ကျပ်ခုနှစ်သောင်းနှင့် ဆုတံဆိပ်ဆွဲပြား၊ တတိယဆုအဖြစ် ကျပ်ငါးသောင်းနှင့် ဆုတံဆိပ်ဆွဲပြားတို့ ချီးမြှင့်မည်ဖြစ်ကြောင်း သိရသည်။
သတင်း - နဖြေိုးမြင့်
 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~