RCSS/SSA က ကျောက်မဲမြို့နယ်အတွင်း ဖမ်းမိသည့် မူးယစ်ဆေးများနှင့် မူးယစ်ဆေးသယ်လာသည့် မော်တော်ယာဉ်တို့ကို တပ်မတော်ထံ လွှဲပြောင်းပေး

RCSS/SSA က ကျောက်မဲမြို့နယ်အတွင်း ဖမ်းမိသည့် မူးယစ်ဆေးများနှင့် မူးယစ်ဆေးသယ်လာသည့် မော်တော်ယာဉ်တို့ကို တပ်မတော်ထံ လွှဲပြောင်းပေး
ဇန်နဝါရီ 18, 2020
By Tachileik News Agency

RCSS/SSA က ကျောက်မဲမြို့နယ်အတွင်း ဖမ်းမိသည့် မူးယစ်ဆေးများနှင့် မူးယစ်ဆေးသယ်လာသည့် မော်တော်ယာဉ်တို့ကို တပ်မတော်ထံ လွှဲပြောင်းပေး

RCSS/SSA က ကျောက်မဲမြို့နယ်အတွင်း ဖမ်းဆီးရမိထားသည့် မူးယစ်ဆေးဝါးများနှင့် မူးယစ်ဆေး သယ်လာသည့် မော်တော်ယာဉ်တို့ကို တပ်မတော်ထံ ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ (၁၈)ရက်နေ့ နေ့လယ်ပိုင်းက မိုင်းတင်းကျေးရွာ၌ လွှဲပြောင်းပေးသည်။

" ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ/ ရှမ်းပြည်တပ်မတော် ( RCSS/SSA ) နဲ့ တပ်မတော်တို့ NCA လက်မှတ် ရေးထိုးထားတဲ့အထဲမှာ မူးယစ်ဆေးဝါးကို ပူးပေါင်းတိုက်ဖျက်ကြမယ်ဆိုတဲ့ အချက်လည်း တစ်ချက် အပါအဝင် ဖြစ်ပါတယ်။ အခုလို ဖမ်းဆီးရမိထားတဲ့ မူးယစ်ဆေးဝါးတွေကို တပ်မတော်တာဝန်ရှိသူတွေထံ လွှဲပြောင်းပေးအပ်တာက အဲဒီ လက်မှတ်ရေးထိုးထားတဲ့အချက်ကို လုပ်ဆောင်တာဖြစ်ပါတယ်" 

ဟု RCSS/SSA မှ ဒုတိယ ဗိုလ်မှူးကြီး စိုင်းဟန်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ကျောက်မဲမြို့ရှိ အမှတ်( ၁ ) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှ တာဝန်ရှိသူများထံ လွှဲပြောင်းပေးလိုက်သည့် ဘိန်းဖြူ (၁၀.၂၈) ကီလိုဂရမ်ခန့်၊ စိတ်ကြွရူးသွပ်ဆေးပြား (၇၈,၁၄၁) ပြားနှင့် မူးယစ်ဆေးသယ်လာသည့် မော်တော်ယာဉ်တို့ကို ဇန်နဝါရီလ (၁၃)ရက်နေ့က ကျောက်မဲမြို့နယ် ကျောက်မဲ - မိုင်းလုံလမ်းတွင် RCSS/SSA က ဖမ်းမိထားခြင်းဖြစ်ပြီး အဆိုပါ မူးယစ်ဆေးဝါးများမှာ ကွတ်ခိုင်မြို့နယ် ကောင်းခါးဒေသမှ သယ်ဆောင်လာခြင်းဖြစ်သည်ဟု သိရသည်။

RCSS/SSA က ဖမ်းဆီးရမိသော မူးယစ်ဆေးဝါးများကို ယခင်က ရဲတပ်ဖွဲ့ထံ တစ်ကြိမ်လွှဲပြောင်းပေးခဲ့ကာ တပ်မတော်ထံ လွှဲပြောင်းခြင်းမှာ ယခု ပထမဆုံးအကြိမ်ဖြစ်ပြီး တပ်မတော်ကတစ်ဆင့် ရဲတပ်ဖွဲ့ထံ ပြန်လည်လွှဲပြောင်းပေးအပ်ကြောင်း သိရသည်။

RCSS/SSA  က ဖမ်းဆီးရမိထားသော မူးယစ်ဆေးဝါးများအား လွှဲပြောင်းပေးအပ်သည့်အခမ်းအနားသို့ ကျောက်မဲမြို့မရဲတပ်ဖွဲ့၊ မူးယစ်ဆေးဝါးတားဆီး နှိမ်နှင်းရေး ရဲတပ်ဖွဲ့၊ စကခ(၁)မှ တပ်မတော်သားများ တက်ရောက်ခဲ့ကြခြင်းဖြစ်သည်။

RCSS/SSA သည် ပြည်နယ်အဆင့်၊ ပြည်ထောင်စုအဆင့် အပစ်ရပ်သဘောတူစာချုပ်နှင့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) တို့တွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နှင်းရေးကို ပူးပေါင်းဆောင်ရွက်ကြရန် သဘောတူညီထားကြခြင်းဖြစ်ကြောင်း သိရသည်။

Tachileik News Agency
သတင်း/ဓါတ်ပုံ  - နေဖြိုးမြင့်

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~