မိုင်းရယ်မြို့ ဟိုယပရိယတ္တိစာသင်တိုက်မှ ကျောင်းထိုင်ဆရာတော် အပါအဝင် (၈)ပါးတွင် COVID 19 ပိုးတွေ့

Photo: ဟိတဓရလူမှုကူညီရေးအသင်း
Photo: ဟိတဓရလူမှုကူညီရေးအသင်း
မိုင်းရယ်မြို့ ဟိုယပရိယတ္တိစာသင်တိုက်မှ ကျောင်းထိုင်ဆရာတော် အပါအဝင် (၈)ပါးတွင် COVID 19 ပိုးတွေ့
သြဂုတ် 27, 2021 | Covid-19| ရှမ်းမြောက်

ရှမ်းပြည်နယ်မြောက်ပိုင်းရှိ  မိုင်းရယ်မြို့နယ်ရှိ ဟိုယပရိယတ္တိစာသင်တိုက်မှ ကျောင်းထိုင် ဆရာတော်အပါအဝင် သံဃာတော် (၈)ပါးတွင် COVID 19 ကူးစက်နေကြောင်း နှစ်ရက်တာစစ်ဆေးမှုအတွင်း တွေ့ထားရသဖြင့် ကျောင်းတိုက်ကို အဝင်အထွက်ကန့်သတ်ထားကြောင်း သိရသည်။

ဟိုယပရိယတ္တိစာသင်တိုက်မှ သံဃာတော်များအား ၂၀၂၁ ခုနှစ် ဩဂုတ်လ (၂၆) ရက်နေ့က မြို့နယ်ကျန်းမာရေးအဖွဲ့က ကျောင်းတိုက်သို့ သွားရောက်စစ်ဆေးပေးရာ သံဃာတော် (၇)ပါးတွင် COVID 19 ပိုးတွေ့ခဲ့ရပြီး ဩဂုတ်လ (၂၇) ရက်နေ့ စစ်ဆေးမှုအတွင်း ကိုရင် (၁)ပါးတွင် ပိုးတွေ့ရကြောင်း သိရသည်။

ပိုးတွေ့သံဃာတော်နှင့် ကိုရင်များအား ဟိတဓရလူမှုကူညီရေးအသင်းက ပင့်ဆောင်၍ ဆေးရုံသို့ ပို့ဆောင်ပေးထားကြောင်း နှင့် အဆိုပါ စာသင်တိုက်တွင် သံဃာတော်နှင့် ကိုရင် စုစုပေါင်း (၁၇၀) ပါးဝန်းကျင်ရှိပြီး ကိုရင်အချို့က အစစ်ဆေးခံရန် ကြောက်နေသူများလည်းရှိနေကြောင်း သိရသည်။