လက်ရှိ Covid-19 အခြေနေအရ တာချီလိတ်မြို့ပေါ် လမ်းဘေးတစ်လျှောက်ရှိ ညဈေးများအားလုံး နိုဝင်ဘာလ(၂၈)ရက်နေ့က စ၍ ည(၆)နာရီအထိ သာ ဖွင့်လှစ်ခွင့်ရှိမည်

လက်ရှိ Covid-19 အခြေနေအရ တာချီလိတ်မြို့ပေါ် လမ်းဘေးတစ်လျှောက်ရှိ ညဈေးများအားလုံး နိုဝင်ဘာလ(၂၈)ရက်နေ့က စ၍ ည(၆)နာရီအထိ သာ ဖွင့်လှစ်ခွင့်ရှိမည်
နိုဝင်ဘာ 27, 2020
By Tachileik News Agency
လက်ရှိ Covid-19 အခြေနေအရ တာချီလိတ်မြို့ပေါ် လမ်းဘေးတစ်လျှောက်ရှိ ညဈေးများအားလုံး နိုဝင်ဘာလ(၂၈)ရက်နေ့က စ၍ ည(၆)နာရီအထိ သာ ဖွင့်လှစ်ခွင့်ရှိမည်
ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့ပေါ်ရှိ ညဈေးရောင်းချသည့်ဆိုင်များ အားလုံး ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ (၂၈)ရက်နေ့မှစ၍ နေ့စဉ် ည(၆)နာရီအထိသာ ရောင်းချခွင့်ရတော့မည်ဖြစ်သည်။
“ကျွန်တော်တို့ အခုဒေသတွင်း COVID 19 တွေ့ရတဲ့အခြေအနေတွေအရ ဒီနေ့ စည်ပင်ဝန်ကြီးရယ်၊ ခရိုင်၊ မြို့နယ် ညှိနှိုင်းဆွေးနွေးပြီးတော့ ညဈေးတွေကို မနက်ဖြန်ကစပြီး ည(၆)နာရီအထိပဲ ရောင်းခွင့်ပေးတော့မယ်လို့ ဆုံးဖြတ်လိုက်ပါတယ်။ အခု လတ်တလောတော့ ညဈေးရောင်းတဲ့ လမ်းဘေးဆိုင်တွေကို ကျွန်တော်တို့ အခုလို အရင်ဆုံးဖြတ်လိုက်တယ်။ ဆိုင်ခန်းတွေအတွက်တော့ မဆွေးနွေးရသေးဘူး”ဟု  တာချီလိတ်မြို့နယ်စည်ပင်သာယာရေးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးစိုင်းခွန်ဇော်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
တာချီလိတ်မြို့ပေါ် ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီးတစ်လျှောက်ရှိ ရှမ်းရိုးမကွင်းရှေ့၊ ချစ်ကြည်ရေး အမှတ်(၁)(၂)တံတားထိပ်ရှိ ညပိုင်းဖွင့်လှစ်သည့် ဆိုင်များအပြင် လမ်းဘေးတစ်လျှောက်ရှိ ဆိုင်များအားလုံး ည(၆)နာရီအထိသာ ဖွင့်ရမည်ဖြစ်ကြောင်း အသိပေးထားခြင်း ဖြစ်သည်။
တာချီလိတ်မြို့တွင် နိုဝင်ဘာလ (၂၅) ရက်နေ့က တွေ့ရသည့် အတည်ပြုလူနာနှင့် ထိတွေ့သူ (၆)ဦးတွင် COVID 19 ကူးစက်ခံထားရသည်ကို နိုဝင်ဘာလ (၂၇)ရက်နေ့၌ စစ်ဆေးတွေ့ရသဖြင့် လူစုလူဝေး မဖြစ်စေရေးအတွက် ယင်းကဲ့သို့ ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
တာချီလိတ်မြို့၌ နိုဝင်ဘာလ (၂၇)ရက်နေ့အထိ ဆေးရုံ၌ ကုသပေးနေသည့် အတည်ပြုလူနာ စုစုပေါင်း (၉) ဦးရှိနေခြင်းဖြစ်သည်။
Tachileik News Agency
ဓါတ်ပုံ - တာချီလိတ်စည်ပင်
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~