ကျောက်မဲတွင် အဖျားရောဂါပြင်းထန်နေသည့် ကိုယ်ဝန်ဆောင်တစ်ဦးကို စောင့်ကြည့်လူနာအဖြစ် သတ်မှတ်ထား

ကျောက်မဲတွင် အဖျားရောဂါပြင်းထန်နေသည့် ကိုယ်ဝန်ဆောင်တစ်ဦးကို စောင့်ကြည့်လူနာအဖြစ် သတ်မှတ်ထား
ဧပြီ 24, 2020
By Tachileik News Agency
ကျောက်မဲတွင် အဖျားရောဂါပြင်းထန်နေသည့် ကိုယ်ဝန်ဆောင်တစ်ဦးကို စောင့်ကြည့်လူနာအဖြစ် သတ်မှတ်ထား

ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲမြို့တွင် အဖျားရောဂါပြင်းထန်သည့် အသက် (၂၄)နှစ်အရွယ် ကိုယ်ဝန်ဆောင် တစ်ဦးကို ၂၀၂၀ ခုနှစ်၊ ဧပြီလ (၂၃)ရက်နေ့ညပိုင်းတွင် စောင့်ကြည့်လူနာအဖြစ် သတ်မှတ်လိုက်ပြီး အတူနေမိသားစုများကိုလည်း Home Quarantine လုပ်ထားကြောင်း သိရသည်။

ကျောက်မဲနဲ့ တစ်မိုင်လောက်ပဲဝေးတဲ့ ကျေးရွာတစ်ခုက အမျိုးသမီးပါ။ ကိုယ်ဝန်က (၆) လ ရှိပြီလို့သိရတယ်။ (၂၃) ရက် မနက်ပိုင်းက သူက ဖျားပြီးတော့ အဖျားရောဂါပြင်းထန်လာတယ်။ ကျေးလက်ကျန်းမာရေးက တစ်ဆင့် သိရတဲ့အတွက် ခရိုင်ပြည်သူ့ ကျန်းမာရေးနဲ့ ကုသရေးက တာဝန်ရှိသူတွေနဲ့အတူ ပရဟိတ အဖွဲ့တွေက သွားခေါ်ပေးခဲ့တာပါ။ အရင်ကလည်း မကြာခဏ ဖျားနာဖူးတာရှိတယ်လို့ သူ့မိသားစုဝင် တွေကတော့ ပြောတယ်

ဟု အဖြူရောင်နှလုံးသား လူမှုကူညီရေးအသင်းမှ ဦးဇော်ထွန်းက  ပြောသည်။

ဖျားနေသည့် ကိုယ်ဝန်ဆောင်အမျိုးသမီးကို ကျောက်မဲပြည်သူ့ဆေးရုံရှိ သီးသန့်စောင့်ကြည့်ကုသခန်းတွင် ထားရှိပြီး နေအိမ်မှ ခင်ပွန်းဖြစ်သူနှင့် တစ်ခြံတည်းနေထိုင်သူ မိသားစုဝင်များအား နေအိမ်အသီးသီး၌ အသွားအလာကန့်သတ်နေထိုင်စေကြောင်း သိရသည်။

Tachileik News Agency
သတင်း - နေဖြိုးမြင့်


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~