နယ်စပ်မှ ပြန်ဝင်သူများအတွက် သီးခြားစောင့်ကြည့်နိုင်ရန် ရှမ်းပြည်နယ်အစိုးရက နယ်စပ်မြို့နယ်များကို ကျပ်သိန်း (၅၀)စီ မတည်ပေးမည်

နယ်စပ်မှ ပြန်ဝင်သူများအတွက် သီးခြားစောင့်ကြည့်နိုင်ရန် ရှမ်းပြည်နယ်အစိုးရက နယ်စပ်မြို့နယ်များကို ကျပ်သိန်း (၅၀)စီ မတည်ပေးမည်
ဧပြီ 1, 2020
By Tachileik News Agency
နယ်စပ်မှ ပြန်ဝင်သူများအတွက် သီးခြားစောင့်ကြည့်နိုင်ရန် ရှမ်းပြည်နယ်အစိုးရက နယ်စပ်မြို့နယ်များကို ကျပ်သိန်း (၅၀)စီ မတည်ပေးမည်

နယ်စပ်ဝင်ပေါက်ရှိသည့် မြို့နယ်တိုင်းတွင် နယ်စပ်မှ ပြန်ဝင်လာသည့် မြန်မာနိုင်ငံသားများအား (၁၄)ရက် သီးသန့်ထားပြီး ကျန်းမာရေး အခြေအနေစောင့်ကြည့်ပြီးမှ နေရပ်ပြန်ခွင့်ပြုနိုင်ရန်အတွက် လူထုအခြေပြုသီးခြားစောင့်ကြည့်နေရာများကို သက်ဆိုင်ရာမြို့နယ်များအလိုက် ပြင်ဆင်စေပြီး ပြည်နယ်အစိုးရက တစ်မြို့နယ်လျှင် ကျပ်သိန်း (၅၀)စီ မတည်ပေးမည်ဖြစ်ကြောင်း သိရသည်။

 “ ဒီနေ့ပဲ နယ်စပ်ဝင်ပေါက်ရှိတဲ့ခရိုင်တွေကို စာထုတ်ထားပြီ။ နယ်စပ်ကနေ ဝင်လာတဲ့ နိုင်ငံသားတွေအားလုံး Community Based Facilities Quarantine (လူထုအခြေပြုသီးခြားစောင့်ကြည့်ရေးနေရာ) လုပ်ဖို့ ပြောထားပြီ။ ဆိုလိုတာကတော့ တာချီလိတ်ရောက်လာသူတွေကို တာချီလိတ်ကနေ ဘယ်မှ ပေးမသွားတော့ဘူး။ Quarantine  (၁၄)ရက်လုပ်မယ်။ (၁၄)ရက်လုပ်ပြီးမှ သက်ဆိုင်ရာ ပြန်ခွင့်ပြုမယ်။ အကယ်၍ အဲဒီမှာ ပိုးတွေ့လူနာ တွေ့လာတယ်ဆိုရင် အစိုးရအဖွဲ့က သက်ဆိုင်ရာဌာနတွေနဲ့ ပေါင်းပြီးလွှဲပေးမှာပေါ့။ မြို့နယ်တွေအနေနဲ့ Facilities Quarantine လုပ်ဖို့အတွက် မြို့နယ်တစ်မြို့နယ်ကို သိန်း(၅၀)ဆီကို မနက်လောက်မှာ ပို့ပေးမယ်။ မတည်ပေးထားတယ်။ သူတို့ သက်ဆိုင်ရာမြို့လူထုနဲ့ ပူးပေါင်းလုပ်မယ်။ လိုအပ်ရင်တော့ အစိုးရက ထောက်ပံ့ပေးမယ်”ဟု  ရှမ်းပြည်နယ် Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ပြည်နယ်အဆင့်လုပ်ငန်း ကော်မတီ ဥက္ကဌ၊ ရှမ်းပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာ မျိုးထွန်းက မတ်လ(၃၁)ရက်နေ့က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အဆိုပါ ညွှန်ကြားချက်အရ နယ်စပ်မှပြန်ဝင်လာသူများကို သီးသန့်ထားရှိနိုင်မည့် နေရာများကို တာချီလိတ်မြို့နယ်တွင်လည်း မတ်လ (၃၁)ရက်နေ့က စတင်ဆောင်ရွက်နေပြီဖြစ်သည်။

မြန်မာနိုင်ငံတွင် မတ်လ (၃၁)ရက်နေ့အထိ ဓါတ်ခွဲစစ်ဆေးချက်များအရ တွေ့ရှိရသည့် အတည်ပြုလူနာများ၌ နယ်စပ်ဂိတ်များမှ ပြန်ဝင်လာသူ (၂)ဦး ပါဝင်သဖြင့် နယ်စပ်ဂိတ်များမှ ပြန်လည်ဝင်ရောက်မည့် မြန်မာနိုင်ငံသားများအား သက်ဆိုင်ရာ နယ်စပ်မြို့များတွင် (၁၄)ရက် သီးခြားစောင့်ကြည့်ပြီးမှ ဒေသအသီးသီး ပြန်ဝင်ခွင့်ပြုတော့မည်ဖြစ်ရာ ဧပြီလ (၁၅)ရက်နေ့အထိ သည်းခံစောင့်ဆိုင်းပေးကြရန် နေရပ်ပြန်လိုသည့် မြန်မာများကို နိုင်ငံခြားရေးဝန်ကြီးဌာနက ပန်ကြားထားသည်။

 Tachileik News Agency
သတင်း ချယ်ရီထိုက်


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~