ကျိုင်းတုံမြို့တွင် ဩဂုတ်လ(၂၃)ရက်နေ့ တစ်နေ့တာအတွင်း Covid-19 ကူးစက်ခံထားရသူ (၁၂၃)ဦး တွေ့ရှိ

ကျိုင်းတုံမြို့တွင် ဩဂုတ်လ(၂၃)ရက်နေ့ တစ်နေ့တာအတွင်း Covid-19 ကူးစက်ခံထားရသူ (၁၂၃)ဦး တွေ့ရှိ
သြဂုတ် 23, 2021 | Covid-19| ရှမ်းရှေ့

ကျိုင်းတုံမြို့တွင် ဩဂုတ်လ(၂၃)ရက်နေ့၏ နေ့ရောညပါ စစ်ဆေးချက်များအရ Covid-19 ပိုး ကူးစက်ခံထားရသူ (၁၂၃)ဦး စစ်ဆေးတွေ့ရှိကြောင်း သိရသည်။

တစ်နေ့တာ စစ်ဆေးတွေ့ရှိရသည့် (၁၂၃)ဦးမှာ ရပ်ကွက်(၁)က (၂၁)ဦး၊ ရပ်ကွက်(၂)က (၁၅)ဦး၊ ရပ်ကွက်(၃)က (၄၇)ဦး၊ ရပ်ကွက်(၄)က (၉)ဦး၊ ရပ်ကွက်(၅)က (၃)ဦး၊ စစ်ဆေးရုံမှ (၁၈)ဦး၊ မိုင်းလန်းကျေးရွာအုပ်စုမှ (၅)ဦး၊ မိုင်းခွန်ကျေးရွာအုပ်စုမှ (၁)ဦး၊ မိုင်းဇင်းကျေးရွာအုပ်စုမှ (၁)ဦး၊ နောင်ကုန်ကျေးရွာအုပ်စုမှ (၂)ဦး နှင့် မိုင်းလပ်ကျေးရွာအုပ်စုမှ (၁)ဦး တို့ဖြစ်ကြသည်။

ကျိုင်းတုံမြို့၏ Covid-19 တတိယလှိုင်းကာလအတွင်း ၂၀၂၁ခုနှစ် ဇွန်လ(၂၉)ရက်နေ့မှ ယနေ့ ဩဂုတ်လ(၂၃)ရက်နေ့အထိ Covid-19 ကူးစက်ခံထားရသူ (၁၀၈၀)ဦးအထိ ရှိသွားပြီး ဆေးရုံဆင်းခွင့်ရရှိသွားသူများမှာ (၅၃၉)ဦးရှိနေကာ သေဆုံးသူမှာလည်း (၁၅)ဦးရှိနေပြီး လက်ရှိတွင် နေအိမ်ပြန်ခွင့် သတ်မှတ်ရက်ပြည့်ရန် စောင့်နေကြသူမှာ (၅၂၆)ဦး ရှိနေသည်။

ကျိုင်းတုံမြို့ရှိ မြို့တော်ခန်းမနေရာတွင် မိမိကိုယ်ကို သံသယရှိသူများအား Covid-19 စစ်ဆေးပေးနိုင်မည့် Fever Clinic ကို ယနေ့ ဩဂုတ်လ(၂၃)ရက်နေ့ကစ၍ ဖွင့်လှစ်ထားပြီး ပိတ်ရက်မရှိ နေ့စဉ် နံနက်(၉)နာရီမှ နံနက်(၁၁)နာရီအတွင်း မည်သူမဆို လာရောက်စစ်ဆေးနိုင်ကြောင်းလည်း သိရသည်။

 

 

ဆက်စပ်သတင်းများ