ရှမ်းပြည်နယ်အရှေ့ပိုင်း ဒေသအတွင်း ဇွန်လ(၈)ရက်နေ့ နံနက်ပိုင်းတွင် ငလျင်(၅)ကြိမ် လှုပ်ခတ်သွား

၂၀၂၂ခုနှစ် ဇွန်(၈)ရက်နေ့ နံနက်(၉)နာရီ (၅၆)မိနစ် (၂၉)စက္ကန့်အချိန်က ငလျင်အင်အား ရစ်ချ်စတာစကေး အဆင့်(၅.၀)ရှိ ငလျင်တခု
၂၀၂၂ခုနှစ် ဇွန်(၈)ရက်နေ့ နံနက်(၉)နာရီ (၅၆)မိနစ် (၂၉)စက္ကန့်အချိန်က ငလျင်အင်အား ရစ်ချ်စတာစကေး အဆင့်(၅.၀)ရှိ ငလျင်တခု
ရှမ်းပြည်နယ်အရှေ့ပိုင်း ဒေသအတွင်း ဇွန်လ(၈)ရက်နေ့ နံနက်ပိုင်းတွင် ငလျင်(၅)ကြိမ် လှုပ်ခတ်သွား
ဇွန် 8, 2022 | ရှမ်းရှေ့

ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသအတွင်း ဇွန်လ(၈)ရက်နေ့ အကူးပိုင်းအချိန်ကစပြီး နံနက် (၁၀)နာရီ​ဝန်းကျင်အချိန်အထိ အသေးစား ငလျင်(၄)ကြိမ် နှင့် အလတ်စား ငလျင် (၁)ကြိမ် စုစုပေါင်း ငလျင်(၅)ကြိမ် လှုပ်ခတ်သွားသည်။

ယနေ့ ၂၀၂၂ခုနှစ် ဇွန်(၈)ရက်နေ့ နံနက်(၉)နာရီ (၅၆)မိနစ် (၂၉)စက္ကန့်အချိန်က ငလျင်အင်အား ရစ်ချ်စတာစကေး အဆင့်(၅.၀)ရှိ ငလျင်တခု လှုပ်ခတ်သွားခဲ့ပြီး ကျိုင်းတုံခရိုင်၏ နယ်နိမိတ်အတွင်း နှင့် မိုင်းဖြတ်မြို့အနီးဘက်တွင် ဦးတည်လှုပ်ခတ်သွားခဲ့ခြင်း ဖြစ်ကြောင်း ထိုင်းနိုင်ငံ ငလျင်တိုင်းတာရေးဌာနက ဖော်ပြထားရှိသည်။

နံနက်(၁၀)နာရီ မထိုးမီက လှုပ်ခတ်သွားသည့် ငလျင်သည် အဓိက အားဖြင့် ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသအတွင်း ကျိုင်းတုံ၊ မိုင်းခတ်၊ မိုင်းပျဉ်း၊ မိုင်းဖြတ်၊ မိုင်းယောင်း၊ တာလေ နှင့် တာချီလိတ်မြို့တို့အထိ လှုပ်ခတ်သွားခဲ့သည်ဟု သိရသည်။

 

“တာချီလိတ်မှာ (၁၀)နာရီ မထိုးခင်က တချက်လှုပ်ခါသွားတယ်၊ ဘာမှတော့ မဖြစ်သွားဘူး။ ကျိုင်းတုံခရိုင်ထဲ ဦးတည်လှုပ်တာလို့ ကြားတယ်”ဟု တာချီလိတ်ဒေသခံ တစ်ဦးက ပြောသည်။



ငလျင်အင်အား ရစ်ချ်စတာစကေး အဆင့်(၅.၀)ရှိ  ငလျင် မလှုပ်ခတ်မီ ယနေ့ ၂၀၂၂ခုနှစ် ဇွန်လ(၈)ရက်နေ့ နံနက် (၇)နာရီ​(၄၈)မိနစ် (၄၀)စက္ကန့်အချိန်က ကျိုင်းတုံ နှင့် မိုင်းဖြတ်အကြားမှာပင် ငလျင်အင်အား ရစ်ချ်စတာစကေး အဆင့်(၂.၅)ရှိ အသေးစား ငလျင် လှုပ်ခတ်သွားခဲ့သလို နံနက်(၅)နာရီ​(၄၃)မိနစ် စက္ကန့်(၃၀)အချိန်က ငလျင်အင်အား ရစ်ချ်စတာစကေး အဆင့်(၂.၂)ရှိ အသေးစား ငလျင်လှုပ်ခတ်သွားခဲ့သည်။

ယင်းအပြင် ကျိုင်းတုံခရိုင်အတွင်းမှာပင် ယနေ့ ဇွန်လ(၈)ရက်နေ့အကူး (၀၀)နာရီ​(၂)မိနစ် (၈)စက္ကန့်အချိန်က ငလျင်အင်အား ရစ်ချ်စတာစကေး အဆင့်(၂.၁)ရှိ အသေးစား ငလျင် လှုပ်ခတ်ခဲ့သလို နံနက် (၁)နာရီ​(၁၁)မိနစ်(၃၃)စက္ကန့်အချိန်ကလည်း ငလျင်အင်အား ရစ်ချ်စတာစကေး အဆင့်(၁.၉)ရှိ အသေးစားငလျင် လှုပ်ခတ်သွားခဲ့ကြောင်း သိရသည်။