တာချီလိတ်မှ အတည်ပြုလူနာ Case 96 နှင့်အတူ လေယာဉ်စီးလာသည့် (၁၁)ဦး အပါအဝင် ရှမ်း(ရှေ့)မှ စုစုပေါင်း (၂၅)ကို စစ်ဆေးရန် ဓါတ်ခွဲနမူနာ ပို့ဆောင်ထား

တာချီလိတ်မှ အတည်ပြုလူနာ Case 96 နှင့်အတူ လေယာဉ်စီးလာသည့် (၁၁)ဦး အပါအဝင် ရှမ်း(ရှေ့)မှ စုစုပေါင်း (၂၅)ကို စစ်ဆေးရန် ဓါတ်ခွဲနမူနာ ပို့ဆောင်ထား
ဧပြီ 21, 2020
By Tachileik News Agency
တာချီလိတ်မှ အတည်ပြုလူနာ Case 96 နှင့်အတူ လေယာဉ်စီးလာသည့် (၁၁)ဦး အပါအဝင် ရှမ်း(ရှေ့)မှ စုစုပေါင်း (၂၅)ကို စစ်ဆေးရန် ဓါတ်ခွဲနမူနာ ပို့ဆောင်ထား

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့မှ အတည်ပြုလူနာ (Case 96) နှင့် လေယာဉ်အတူစီးနင်းလာသည့် ခရီးသည် (၁၁) ဦး အပါအဝင် ရှမ်းပြည်နယ်အရှေ့ပိုင်းမှ စုစုပေါင်း (၂၅) ဦး၏ ဓါတ်ခွဲနမူနာများကို ၂၀၂၀ ခုနှစ်၊ ဧပြီလ (၂၁) ရက်နေ့တွင် ကျိုင်းတုံမှ ရန်ကုန်သို့ ပို့ဆောင်နေကြောင်း သိရသည်။

ဓါတ်ခွဲနမူနာတွေက ကားနဲ့ပဲ ပို့တော့မယ်။ တာချီလိတ်က (၁၀) ယောက်၊ မိုင်းဆတ်က (၁) ယောက်၊ မိုင်းယန်းက (၄) ယောက်၊ ကျိုင်းတုံက PUI (စောင့်ကြည့်လူနာ) (၃)ယောက်နဲ့ Facilities Quarantine  (၂) ယောက်၊ မိုင်းပျဉ်း (၅) ယောက်ရဲ့ ဓါတ်ခွဲနမူနာတွေကို မနက်ဖြန် ကားနဲ့ ရန်ကုန်ကို ပို့မယ်

ဟု ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာဘစိုးသက်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

တာချီလိတ်မှ အတည်ပြုလူနာ (Case 96)နှင့် အနီးကပ်ထိတွေ့သည့် ကျန်းမာရေးဝန်ထမ်းများအနက် အတည်ပြုလူနာ (Case 112)ကို ဧပြီလ (၂၀)ရက်နေ့တွင် COVID-19 ကူးစက်ခံရကြောင်း ဓါတ်ခွဲအဖြေရရှိထားသည်။

ရှမ်းပြည်နယ်အရှေ့ပိုင်းတွင် မိုင်းဖြတ်မှ အတည်ပြုလူနာ ( Case 64)၊ တာချီလိတ်မှ အတည်ပြုလူနာ (Case 96) နှင့် အတည်ပြုလူနာ (Case 112) တို့ကို ကျိုင်းတုံပြည်သူ့ဆေးရုံ၌ ကုသပေးမည်ဖြစ်သည်။

Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~