တာချီလိတ်မြို့နယ်စည်ပင်သာယာရေးဌာနမှ (၁၁)ဦး Covid-19 ကူးစက်ခံရ

တာချီလိတ်မြို့နယ်စည်ပင်သာယာရေးဌာနမှ (၁၁)ဦး Covid-19 ကူးစက်ခံရ
ဇူလိုင် 22, 2021 | Covid-19| ရှမ်းရှေ့

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် တာချီလိတ်မြို့နယ်စည်ပင်သာယာရေးဌာနမှ ဒုဦးစီး (၂)ဦး အပါအဝင် (၁၁)ဦး Covid-19 ကူးစက်ခံထားရကြောင်း သိရသည်။

ဇူလိုင်လ(၂၁)ရက်နေ့၏ စစ်ဆေးချက်များအရ တာချီလိတ်မြို့နယ်စည်ပင်သာယာရေးဌာနမှ ဝန်ထမ်း(၉)ဦးကို တွေ့ရှိသလို ပြီးခဲ့သည့် ရက်၏ စစ်ဆေးချက်အရ (၂)ဦးတွေ့ရှိ၍ စုစုပေါင်း (၁၁)ဦးအထိ ရှိနေပြီး ကျန်ရှိသူများကို ဆက်လက်စစ်ဆေးမည်ဟု ကျန်းမာရေးထံမှ သိရသည်။

ပိုးတွေ့ရသူများတွင် သန့်ရှင်းရေး နှင့် ဈေးအပိုင်းတို့က ဖြစ်ပြီး အများဆုံးမှာ သန့်ရှင်းရေးအပိုင်းက ပါဝင်ကြောင်း သိရသည်။

တာချီလိတ်မြို့၏ Covid-19 တတိယလှိုင်းကာလအတွင်း  ဇူလိုင်လ(၂၁)ရက်နေ့အထိ Covid-19 တွေ့ရှိထားသူမှာ (၈၀၀)နီးပါးရှိနေပြီး နေအိမ်ပြန်ခွင့်ရသူများမှာ (၂၀၀)ကျော်ရှိနေကြောင်း နှင့် သေဆုံးသူမှာ (၂)ဦးရှိနေကြောင်း သိရသည်။