ကျိုင်းတုံမြို့တွင် မိမိကိုယ်ကို Covid-19 သံသယရှိသူများအား Fever Clinic တွင် ပိတ်ရက်မရှိ ဩဂုတ်လ(၂၃)ရက်နေ့က စ၍ နံနက်ပိုင်းများတွင် စစ်ဆေးပေးသွားမည်

ကျိုင်းတုံမြို့တွင် မိမိကိုယ်ကို Covid-19 သံသယရှိသူများအား Fever Clinic တွင် ပိတ်ရက်မရှိ ဩဂုတ်လ(၂၃)ရက်နေ့က စ၍ နံနက်ပိုင်းများတွင် စစ်ဆေးပေးသွားမည်
သြဂုတ် 22, 2021 | Covid-19| ရှမ်းရှေ့

Stay at Home သတ်မှတ်ထားသည့် ကျိုင်းတုံမြို့တွင် မိမိကိုယ်ကို Covid-19 သံသယရှိပါက အလွယ်တကူ လာရောက်စစ်ဆေးနိုင်ရန် Fever Clinic ကို ၂၀၂၁ခုနှစ် ဩဂုတ်လ(၂၃)ရက်နေ့က စ၍ ပြန်လည်ဖွင့်လှစ်ပြီး စစ်ဆေးပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 Fever Clinic ကို Covid-19 ဒုတိယလှိုင်းကာလက ဖွင့်လှစ်ခဲ့သည့် ကျိုင်းတုံမြို့တော်ခန်းမနေရာတွင် ပြန်လည်ဖွင့်လှစ်မည်ဖြစ်ပြီး ပိတ်ရက်မရှိ နေ့စဉ် နံနက်(၉)နာရီမှ နံနက်(၁၁)နာရီအတွင်း မည်သူမဆို လာရောက်စစ်ဆေးနိုင်မည်ဖြစ်ပြီး စစ်ဆေးခကိုတော့ ကျပ်တစ်သောင်း သတ်မှတ်ထားကြောင်း သိရသည်။

ကျိုင်းတုံမြို့၏ Covid-19 တတိယလှိုင်းကာလအတွင်း ၂၀၂၁ခုနှစ် ဇွန်လ(၂၉)ရက်နေ့မှ ဩဂုတ်လ(၂၂)ရက်နေ့အထိ Covid-19 ကူးစက်ခံထားရသူ (၉၅၇)ဦးအထိရှိနေပြီး ဆေးရုံဆင်းသူမှာ (၄၉၅)ဦးရှိကာ သေဆုံးသူမှာလည်း (၁၅)ဦးအထိ ရှိနေကြောင်း သိရသည်။

#TachileikNewsAgency

Photo: ကျိုင်းတုံ ကိုဗစ် ကော်မတီ