နောင်ချိုမြို့တွင် တစ်ရက်အတွင်း COVID 19 အတည်ပြုလူနာ (၁၉)ဦး ထပ်တိုးတွေ့

နောင်ချိုမြို့တွင် တစ်ရက်အတွင်း COVID 19 အတည်ပြုလူနာ (၁၉)ဦး ထပ်တိုးတွေ့

ရှမ်းပြည်နယ် (မြောက်ပိုင်း) နောင်ချိုမြို့တွင် ၂၀၂၁ ခုနှစ်၊ ဇွန်လ (၂၁) ရက်နေ့တစ်နေ့အတွင်း COVID 19 အတည်ပြုလူနာ (၁၉) ဦး ထပ်တိုးတွေ့ရပြီး ကလေးငယ် (၂) ဦး ပါဝင်ကြောင်း သိရသည်။

အတည်ပြုလူနာများတွင် (၅)နှစ်အောက် ကလေးတစ်ဦိးနှင့် တတိယတန်း ကလေးတစ်ဦးပါဝင်ကာ လားရှိုးမြို့နယ်တွင် စုစုပေါင်း အတည်ပြုလူနာ (၂၄) ဦးရှိသွားပြီ ဖြစ်ကြောင်း သိရသည်။

နောင်ချိုမြို့တွင် ၂၀၂၁ ခုနှစ် ဇွန်လ (၁၉)ရက်နေ့က အနံ့ပျောက်သဖြင့် လာရောက်အစစ်ဆေးခံသူကို စစ်ဆေးရာမှ အတည်ပြုလူနာ စတင်တွေ့ခဲ့ရပြီး ယနေ့အထိ စုစုပေါင်း ပိုးတွေ့လူနာ (၂၉) ဦးတွင် အမျိုးသား (၈)ဦးနှင့် အမျိုးသမီး (၁၁)ဦးပါဝင်သည်ဟု သိရသည်။

ပိုးတွေ့သူများအနက် အနံ့ပျောက်နေ၍ ကျန်းမာရေးဌာနသို့လာပြသူ (၅) ဦးအနက် (၃) ဦးတွင် COVID 19 ပိုးတွေ့ရသဖြင့်  လက်ရှိတွင် နောင်ချိုမြို့နယ်ပြည်သူ့ဆေးရုံ၏ ပြင်ပလူနာဌာနကိုပင် ယာယီ ပိတ်ထားသည်ဟု သိရသည်။

 

 ရှမ်းပြည်နယ်မြောက်ပိုင်းဒေသအတွင်း  ကွတ်ခိုင်၊ သိန်းနီ၊ လားရှိုး၊ မိုင်းရယ်၊ နမ့်လန်၊ တန့်ယန်း၊ သီပေါ၊ နမ္မတူ နှင့် နောင်ချိုမြို့တို့၌ COVID 19 အတည်ပြုလူနာ စုစုပေါင်း (၁၆၀)ရှိပြီဟု သိရသည်။

#TachileikNewsAgency