ကျိုင်းတုံမြို့တွင် တစ်နေ့တည်း Covid-19 ကူးစက်ခံထားရသည့် ရဟန်းသံဃာ(၂၅)ပါး အပါအဝင် (၈၂)ဦး ထပ်တိုးတွေ့ရှိ

ကျိုင်းတုံမြို့တွင် တစ်နေ့တည်း Covid-19 ကူးစက်ခံထားရသည့် ရဟန်းသံဃာ(၂၅)ပါး အပါအဝင် (၈၂)ဦး ထပ်တိုးတွေ့ရှိ
သြဂုတ် 23, 2021 | Covid-19| ရှမ်းရှေ့

ကျိုင်းတုံမြို့တွင် ယနေ့ ဩဂုတ်လ(၂၃)ရက်နေ့၏ တစ်နေ့တာအတွင်း စစ်ဆေးချက်များအရ Covid-19 ကူးစက်ခံထားရသူ ရဟန်းသံဃာ(၂၅)ပါး အပါအဝင် စုစုပေါင်း (၈၂)ဦး ထပ်တိုးကြောင်း သိရသည်။

ယနေ့ တစ်နေ့တာအနေဖြင့် စစ်ဆေးတွေ့ရှိရသည့် (၈၂)ဦးတွင် ကျိုင်းတုံမြို့ ဟိုခုံကျောင်းတိုက်မှ ရဟန်းသံဃာ(၂၅)ပါး၊ Fever Clinic မှ (၁၇)ဦး၊ တိုင်းနေလူမှုကူညီရေးအသင်းမှ (၇)ဦးတို့ ပါဝင်ကြောင်း သိရသည်။

ဟိုခုံကျောင်းတိုက်မှ ထပ်တိုးတွေ့ရသည့် (၂၅)ပါးမှာ ဩဂုတ်လ(၂၂)ရက်နေ့က စစ်ဆေးတွေ့ရသည့် သံဃာ(၃)ပါးနှင့် ထိတွေ့သူများဖြစ်ကြောင်း သိရသည်။

ကျိုင်းတုံမြို့ရှိ မြို့တော်ခန်းမနေရာတွင် မိမိကိုယ်ကို သံသယရှိသူများအား Covid-19 စစ်ဆေးပေးနိုင်မည့် Fever Clinic ကို ယနေ့ ဩဂုတ်လ(၂၃)ရက်နေ့ကစ၍ ပိတ်ရက်မရှိ နေ့စဉ် နံနက်(၉)နာရီမှ နံနက်(၁၁)နာရီအတွင်း မည်သူမဆို လာရောက်စစ်ဆေးနိုင်ရန် ဖွင့်လှစ်ရာ ယနေ့ ပထမနေ့တွင် (၁၇)ဦး စစ်ဆေးတွေ့ရကြောင်း သိရသည်။ 

ကျိုင်းတုံမြို့၏ Covid-19 တတိယလှိုင်းအတွင်း ၂၀၂၁ခုနှစ် ဇွန်လ(၂၉)ရက်နေ့မှ  ဩဂုတ်လ(၂၃)ရက်နေ့အထိ Covid-19 ကူးစက်ခံထားရသူ (၁,၀၃၉)ဦးရှိပြီး နေအိမ်ပြန်ခွင့် ရရှိသွားသူမှာလည်း (၅၀၀)ဝန်းကျင်ရှိကာ သေဆုံးသူမှာလည်း (၁၅)ဦးရှိနေသည်။

ဆက်စပ်သတင်းများ