တာချီလိတ် - မယ်ဆိုင်ရှိ ချစ်ကြည်ရေးတံတား(၂)ကနေ ကုန်ပစ္စည်းတင် မြန်မာ ယာဉ်များ သွားနိုင်ရေး ဆွေးနွေးထား

တာချီလိတ် - မယ်ဆိုင်ရှိ ချစ်ကြည်ရေးတံတား(၂)ကနေ ကုန်ပစ္စည်းတင် မြန်မာ ယာဉ်များ သွားနိုင်ရေး ဆွေးနွေးထား
သြဂုတ် 11, 2020
By Tachileik News Agency
တာချီလိတ် - မယ်ဆိုင်ရှိ ချစ်ကြည်ရေးတံတား(၂)ကနေ ကုန်ပစ္စည်းတင် မြန်မာ ယာဉ်များ သွားနိုင်ရေး ဆွေးနွေးထား

မြန်မာ-ထိုင်းနယ်စပ်ဒေသ ချစ်ကြည်ရေးအမှတ်(၂) တံတားပေါ်ကနေတဆင့် နှစ်နိုင်ငံက ကုန်ပစ္စည်းတင် မော်တော်ယာဉ်တွေ ဖြတ်သန်းသွားလာတာနဲ့ ပတ်သက်ပြီး  မြန်မာနိုင်ငံဘက်က ကုန်ပစ္စည်းတင် ကားတွေကို တံတား(၂)ထိပ်တွင်သာ သွားရောက်ခွင့်ပေးထားတဲ့အတွက်ကြောင့် မြန်မာဘက်က ကားတွေ သွားလာခွင့်ရရှိရေးကို နှစ်နိုင်ငံညှိနှိုင်းထားကြောင်း တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စောက ပြောပါတယ်။

မယ်ဆိုင်မြို့ကို လာရောက်မယ့် တာချီလိတ်မြို့ဘက်က မော်တော်ယာဉ်မောင်းတွေကို မယ်ဆိုင်မြို့မှာ သြဂုတ်လ (၁၀) ရက်နေ့ကနေစတင်ပြီး ညအိပ်ဖို့ ထိုင်းနိုင်ငံဘက်က ထုတ်ပြန်ခဲ့တဲ့အတွက် တွေ့ဆုံခဲ့တာဖြစ်ပြီး ဆွေးနွေးမှုအရ ယခင်အတိုင်း လွတ်လပ်စွာသွားလာခွင့်ရပြီလို့ ဦးချမ်းမြေ့စောက ပြောပါတယ်။

၂၀၂၀ ခုနှစ် သြဂုတ်လ (၁၁) ရက်နေ့ မနက်ပိုင်းက တာချီလိတ်မြို့ရှိ ခရိုင်/မြို့နယ်စုပေါင်းရုံး အစည်းအဝေးခန်းမမှာ မယ်ဆိုင်မြို့ပိုင်နဲ့အဖွဲ့က တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူးနဲ့အဖွဲ့ကို လာရောက်တွေ့ဆုံကာ အလွှတ်သဘောဆွေးနွေးခဲ့ပြီး ထိုင်းနိုင်ငံဘက် ကနေ တပိုင်တနိုင်ကုန်ပစ္စည်း သယ်ဆောင်မှုများကို အခွန်ကောက် တိုးမြှင့် ကောက်ခံနေတဲ့ ကိစ္စ၊ နှစ်နိုင်ငံမော်တော်ယာဉ်များဖြတ်သန်းသွားလာရးကိစ္စ နဲ့ မြန်မာနိုင်ငံဘက်က တင်ပို့တဲ့ ကုန်ပစ္စည်းပေါ်မှာ အခွန်ကောက်ခံနေတဲ့ ကိစ္စအပြင်  လက်ရှိ COVID-19 ဖြစ်ပေါ်နေသည့် ကိစ္စရပ်တွေကို ဆွေးနွေးခဲ့ကြပါတယ်။

Tachileik News Agency
သတင်းတင်ဆက်  - ကိုဇောင်း
သတင်း/ရိုက်ကူး - ဟန်စိုးထိုက်


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~