COVID 19 ကူးစက်ခံရမှု မရှိစေရေး နေအိမ်တွင်သာ နေထိုင်ကြရန်နှင့် လူစုလူဝေးပြုလုပ်ခြင်းကို ရှောင်ကြဉ်ကြရန် မေတ္တာရပ်ခံ

COVID 19 ကူးစက်ခံရမှု မရှိစေရေး နေအိမ်တွင်သာ နေထိုင်ကြရန်နှင့် လူစုလူဝေးပြုလုပ်ခြင်းကို ရှောင်ကြဉ်ကြရန် မေတ္တာရပ်ခံ
ဧပြီ 9, 2020
By Tachileik News Agency

COVID 19 ကူးစက်ခံရမှု မရှိစေရေး နေအိမ်တွင်သာ နေထိုင်ကြရန်နှင့် လူစုလူဝေးပြုလုပ်ခြင်းကို ရှောင်ကြဉ်ကြရန် မေတ္တာရပ်ခံ

မြန်မာ - ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့မှ ပြည်သူများအနေဖြင့် ရောဂါကူးစက်ခံရခြင်း မရှိစေရန် တတ်နိုင်သမျှ နေအိမ်တွင်သာ နေထိုင်ကြရန်နှင့် လူစုလူဝေးပြုလုပ်ခြင်းကို ရှောင်ကြဉ်ကြရန် ခရိုင်စီမံခန့်ခွဲမှုကော်မတီက မေတ္တာရပ်ခံထားသည်။

မြန်မာနိုင်ငံတွင် ၂၀၂၀ ခုနှစ်၊ ဧပြီလ (၈)ရက်နေ့အထိ COVID 19 ကူးစက်ခံရသူ (၂၂)ဦးရှိပြီး သေဆုံးသူ (၃)ဦးအထိရှိလာနေသဖြင့် ထိတွေ့ခြင်းအပြင် လေမှကူးစက်မှုပါရှိနိုင်သည့် COVID 19 ကူးစက်ခံရမှု မရှိစေရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ချက်များကို တိကျစွာလိုက်နာဆောင်ရွက်ကြရန် တိုက်တွန်းထားသည်။

တာချီလိတ်ဒေသတွင် လက်ရှိအချိန်ထိ COVID 19 ကူးစက်ခံရခြင်းမရှိသေးသော်လည်း ရောဂါကူးစက်မှု မြင့်မားနေသည့် ထိုင်းနိုင်ငံဘက်မှ နေရပ်ပြန်များ လက်ခံနေရခြင်း၊ နယ်နမိတ်ထိစပ်နေသည့် ထိုင်းနှင့် လာအိုတို့တွင်လည်း COVID 19 ကူးစက်ခံရမှုများရှိနေခြင်းဖြစ်သည်။

Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~