တာချီလိတ်မြို့ အောင်မြတ်ခန်းမရှေ့တွင် Covid-19 ကာကွယ်ဆေးထိုးရန်အတွက် လူစုလူဝေးများ ဖြစ်ပေါ်

တာချီလိတ်မြို့ အောင်မြတ်ခန်းမရှေ့တွင် Covid-19 ကာကွယ်ဆေးထိုးရန်အတွက် လူစုလူဝေးများ ဖြစ်ပေါ်
သြဂုတ် 10, 2021 | Covid-19| ရှမ်းရှေ့

တာချီလိတ်မြို့တွင် Covid-19 ရောဂါ ကာကွယ်ဆေး(Sinopharm)ထိုးပေးနေသည့် အောင်မြတ်ခန်းမရှေ့၌ ကာကွယ်ဆေးထိုးရန်အတွက် ယနေ့ ဩဂုတ်လ(၁၀)ရက်နေ့ နံနက်ပိုင်းက လူစုလူဝေးဖြင့် စောင့်ဆိုင်းနေကြကြောင်း သိရသည်။

ကာကွယ်ဆေးကို အောင်မြတ်ခန်းမအတွင်း၌ တစ်ခုံခြားဆီ ထိုးပေးနေသော်လည်း အောင်မြတ်ခန်းအတွင်း ဝင်ရောက်ဆေးထိုးလိုသူများမှာ ခန်းမ၏ အပြင်ဘက် အပေါက်ဝများတွင် လူစုလူဝေးများ ဖြစ်ပေါ်နေခြင်း ဖြစ်သည်။

ယနေ့ ဩဂုတ်လ(၁၀)ရက်နေ့ နံနက်ပိုင်းကစ၍ တာချီလိတ်မြို့ရှိ အောင်မြတ်ခန်းမ နှင့်  တရုတ်ဘုံကျောင်း(ပါလျှံ) နှင့် အထက(ဟောင်လိတ်)၊ မိုင်းဖုန်း(ခ)ကျေးရွာအုပ်စုတို့တွင် လူ(၃၀၀၀)စာအတွက် ထိုးနှံပေးနေခြင်း ဖြစ်ကြောင်း သိရသည်။ 

တာချီလိတ်မြို့၏ Covid-19 တတိယလှိုင်းအတွင်း ၂၀၂၁ခုနှစ် ဇွန်လ(၂၈)ရက်နေ့မှ ဩဂုတ်လ(၉)ရက်နေ့အထိ Covid-19 ကူးစက်ခံရသူ (၁၈၂၉)ဦးအထိရှိနေပြီး သေဆုံးသူမှာလည်း ယနေ့ ဩဂုတ်လ(၁၀)ရက်နေ့အထိ (၂၆)ဦးအထိရှိနေသည်။

 

#TachileikNewsAgency