အိန္ဒိယနိုင်ငံမှ ပြန်လာသူ (၄)ဦးတွင် Covid-19 ပိုး ထပ်တွေ့၍ မြန်မာနိုင်ငံအတွင်း ကူးစက်ခံရသူ (၂၂၈)ဦး ရှိနေ

အိန္ဒိယနိုင်ငံမှ ပြန်လာသူ (၄)ဦးတွင် Covid-19 ပိုး ထပ်တွေ့၍ မြန်မာနိုင်ငံအတွင်း ကူးစက်ခံရသူ (၂၂၈)ဦး ရှိနေ
ဇွန် 1, 2020
By Tachileik News Agency

အိန္ဒိယနိုင်ငံမှ ပြန်လာသူ (၄)ဦးတွင် Covid-19 ပိုး ထပ်တွေ့၍  မြန်မာနိုင်ငံအတွင်း ကူးစက်ခံရသူ (၂၂၈)ဦး ရှိနေ

အိန္ဒိယနိုင်ငံက ပြန်လာပြီး အသွားအလာ ကန့်သတ်ထားရှိသူထဲက အမျိုးသား(၄)ဦးတွင် Covid-19 ပိုးတွေ့ရှိရကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ၂၀၂၀ခုနှစ် ဇွန်လ(၁)ရက်နေ့ နံနက်ပိုင်းက သတင်းထုတ်ပြန်သည်။

၂၀၂၀ခုနှစ် မေလ(၃၁)ရက်နေ့မှ ဇွန်လ(၁)ရက်နေ့ နံနက်အစောပိုင်းအထိ အမျိုးသားကျန်းမာရေးဓါတ်ခွဲမှုဆိုင်ရာဌာန(ရန်ကုန်)၊ ဆေးသုတေသနဦးစီးဌာန နှင့် ခုတင်(၁၀၀၀)ဆံ့ အမှတ်(၁)တပ်မတော်ဆေးရုံကြီးတို့မှ ဓါတ်ခွဲနမူနာ စုစုပေါင်း (၁,၅၆၀)ခုကို စစ်ဆေးရာတွင် (၄)ဦးကို ပိုးတွေ့ရခြင်း ဖြစ်သည်။

မေလ(၃၀)ရက်နေ့ နံနက်ပိုင်းကလည်း အိန္ဒိယနိုင်ငံက ပြန်လာပြီး အသွားအလာ ကန့်သတ်ထားရှိသူထဲက (၁၇)ဦးတွင် Covid-19 ပိုးတွေ့ရကြောင်း ဓါတ်ခွဲအဖြေရသည့်အတွက် မေလ(၃၀)ရက်နေ့မှ ဇွန်လ(၁)ရက်နေ့ နံနက်ပိုင်းအထိ အိန္ဒိယနိုင်ငံက ပြန်လာသူ စုစုပေါင်း (၂၁)ဦးတွင် covid-19 ပိုးတွေ့ထားသည်။

မြန်မာနိုင်ငံတွင်း ဇွန်လ(၁)ရက်နေ့ နံနက်ပိုင်းအထိ ကူးစက်ခံရသူ စုစုပေါင်း (၂၂၈)ဦးအထိ ရှိနေပြီး၊ သေဆုံးသူ (၆)ဦး နှင့် ပြန်လည်သက်သာလာသူမှာ (၁၃၈)ဦးအထိ ရှိလာကြောင်း သိရသည်။

Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~