ကိုဗစ် ဗဟိုအစည်းအဝေး (၇)ကြိမ်ပြုလုပ်ခဲ့ပြီးနောက် ကူးစက်မှု အတိုင်းအတာတစ်ခုအထိ ထိန်းချုပ်ထားနိုင်ပြီဖြစ်ကြောင်း အာဏာသိမ်းစစ်ခေါင်းဆောင်ပြော

ကိုဗစ် ဗဟိုအစည်းအဝေး (၇)ကြိမ်ပြုလုပ်ခဲ့ပြီးနောက် ကူးစက်မှု အတိုင်းအတာတစ်ခုအထိ ထိန်းချုပ်ထားနိုင်ပြီဖြစ်ကြောင်း အာဏာသိမ်းစစ်ခေါင်းဆောင်ပြော
သြဂုတ် 10, 2021 | Covid-19

Covid-19 ကာကွယ်ထိန်းချုပ်ရေးအတွက် မိမိကိုယ်တိုင်ဦးဆောင်ပြီး အစည်းဝေး (၇)ကြိမ်ပြုလုပ်ခဲ့ပြီး ဗဟိုကော်မတီမှတဆင့် နေ့စဉ် ကြပ်မတ်ကွပ်ကဲခြင်းကြောင့် ရောဂါကူးစက်ဖြစ်ပွားမှုနှုန်းကို အတိုင်းအတာတစ်ခုအထိ ထိန်းချုပ်ထားနိုင်ခဲ့ကြောင့် အာဏာသိမ်းစစ်ခေါင်းဆောင်  ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဩဂုတ်လ(၉)ရက်နေ့က ပြုလုပ်သည့် (၇)ကြိမ်မြောက်အစည်းအဝေးတွင် ထည့်သွင်းပြောကြားသည်။

ဇူလိုင် (၉)ရက်နေ့တွင် မိမိကိုယ်တိုင်ဦးဆောင်၍ ကိုဗစ် - ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ပထမအကြိမ် ညှိနှိုင်းအစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့ပြီး ယနေ့ အချိန်အထိ အစည်းအဝေး (၇)ကြိမ်ပြုလုပ်နိုင်ခဲ့ကြောင်း၊ ထိုသို့ အစည်းအဝေးများ ပြုလုပ်ခြင်း၊ ဗဟိုကော်မတီမှတစ်ဆင့် နေ့စဉ်ကြပ်မတ်ကွပ်ကဲခြင်း၊ တာဝန်ရှိသူအသီး သီးနှင့် ပြည်သူလူထုတို့မှ ဝိုင်းဝန်းစုပေါင်းပါဝင် လုပ်ဆောင်ခဲ့ခြင်းကြောင့် ယခု အချိန် တွင် ရောဂါကူးစက်ဖြစ်ပွားမှုနှုန်းကို အတိုင်းအတာတစ်ခုအထိ ထိန်းချုပ်ထားနိုင်ခဲ့ ကြောင်း

အာဏာသိမ်းစစ်ခေါင်းဆောင်  ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခြင်း ဖြစ်သည်။

တကယ်တမ်းတွင်မှု မြန်မာနိုင်ငံ၏ Covid-19 တတိယလှိုင်း ကူးစက်မှုမှာ လျော့နည်းသွားခြင်းမရှိဘဲ ပြည်သူများမှာ ဆေးရုံ၊ ဆေးခန်းသို့ မသွားတော့ဘဲ မိမိတို့နေအိမ်တွင်သာ အောက်ဆီဂျင်များရှာကြံပြီး ကုသနေမှုများ၊ ကုသနေရင်း သေဆုံးမှုများမှာ ဒေသတိုင်းနီးပါး ဖြစ်ပွားနေပြီး ဒေသအသီးသီးတွင် Covid-19 ကူးစက်ခံရသူ နှင့် သေဆုံးသူ အရေအတွက်မှာလည်း မှားယွင်းမှုများရှိပြီး အာဏာသိမ်းစစ်ကောင်စီ၏ ကျန်းမာရေးဝန်ကြီးဌာနသို့ ရောက်ရှိသည့် ကူးစက်၊သေဆုံးစာရင်းမှာ အောက်ခြေဌာနများမှ တင်ပြလာသည်များကို ပြန်လည်ဖော်ပြသည့်အတွက် မှားယွင်းမှုများရှိနေကြောင်း မြေပြင်တွင် လက်တွေ့ကူညီပေးသည့် လူမှုကူညီရေးအသင်းများထံက သိရသည်။ 

Covid-19 ကူးစက်ခံရသူများ နှင့် Covid-19 ကူးစက်ခံရမှုကြောင့် သေဆုံးသွားသူများနှင့် ပတ်သက်၍ ထိတွေ့သူများကို ထိထိရောက်ရောက် ရှာဖွေစစ်ဆေးပေးခြင်းမရှိသည့်မှာ  မြို့နယ်တော်တော်များများတွင် ဖြစ်ပွားနေပြီး စစ်ဆေးက ကျပ်(၁၀,၀၀၀)မရှိ၍ မစစ်ဆေးနိုင်သူများလည်း ရှိနေကြောင်း သိရသည်။