တာချီလိတ်မြို့အဝင်တွင် မြို့မီးလင်းရေးကော်မတီဘတ်ဂျက် သိန်း ၂၉၀ ကျော်သုံးစွဲပြီး မာကျူရီမီးတိုင်စိုက်ထူ

တာချီလိတ်မြို့အဝင်တွင် မြို့မီးလင်းရေးကော်မတီဘတ်ဂျက် သိန်း ၂၉၀ ကျော်သုံးစွဲပြီး မာကျူရီမီးတိုင်စိုက်ထူ
စက်တင်ဘာ 3, 2020
By Tachileik News Agency
တာချီလိတ်မြို့အဝင်တွင် မြို့မီးလင်းရေးကော်မတီဘတ်ဂျက် သိန်း ၂၉၀ ကျော်သုံးစွဲပြီး မာကျူရီမီးတိုင်စိုက်ထူ
မြန်မာ - ထိုင်းနယ်စပ်မြို့ဖြစ်သည့် တာချီလိတ်မြို့တွင် မြို့အဝင် လမ်းသုံးခွဆုံရာ၌ free way လမ်းကြောများဖြင့် တိုးချဲ့ပြီး  ကျပ်သိန်း (၂၉၀)ကျော်ဝန်းကျင် ကုန်ကျသည့် မာကျူရီမီးတိုင်ကို ၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ (၃)ရက်နေ့က မြို့မီးလင်းရေးကော်မတီ၏ဘတ်ဂျက်ဖြင့် စိုက်ထူသည်။
"ဟောင်လိတ်လမ်းဆုံလို့ ခေါ်တာပေါ့။ ကျိုင်းတုံမြို့အထွက် လေယာဉ်ကွင်းကိုသွားတဲ့နေရာဖြစ်ပါတယ်။ တာချီလိတ်မြို့ဝင်ဆိုင်းဘုတ်ရှိတဲ့နေရာဖြစ်တဲ့အတွက် သန့်ရှင်းသာယာလှပရေး၊ ယာဉ်ကြောကြပ်တည်းမှုလျော့ချနိုင်ရေးအတွက် Free Way လမ်းကြောတွေ တိုးချဲ့ဆောင်ရွက်နေတဲ့ နေရာဖြစ်ပါတယ်။ ဒီနေရာမှာ ညပိုင်းဆိုရင် မီးအလှတွေ ဆင်နိုင်ဖို့အတွက် မီးပဒေသာပန်းဆိုင်း ထည့်ပြီးစိုက်ထူနေတာဖြစ်ပါတယ်"ဟု တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်က တာချီလိတ်သတင်းအေဂျင်စီသို့ပြောသည်။
တာချီလိတ်မြို့ မီးလင်းရေးကော်မတီအနေဖြင့် လက်ရှိလေယာဉ်ကွင်းလမ်းဆုံတွင် ဘတ် (၇) သိန်း (ကျပ်ငွေ သိန်း ၂၉၀ ကျော်ဝန်းကျင်) သုံးစွဲပြီး အလှမီးတပ်ဆင်ခြင်းအပြင် အခြားမီးအလှဆင်မှုများကိုလည်း ထပ်မံလုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။
"ဗဟိုချက်ကျတဲ့နေရာကို ဦးစားပေးပြီးရွေးချယ်လိုက်တာပေါ့။ အပေါ်ကဓာတ်အားလိုင်းကြိုးတွေ လွတ်မလွတ်၊ ဆက်သွယ်ရေးကေဘယ်ကြိုးတွေနဲ့ လွတ်မလွတ် ကြည့်ပြီးတော့ ရွေးချယ်ရတာပါ။ ဗိုလ်ချုပ်လမ်းမကြီးတစ်လျှောက်မှာလည်း လှပခန့်ငြားတဲ့လမ်းမီးတွေကို လမ်းမနှစ်ဖက်ကနေ တပ်ဆင်ဖို့ စီမံချက်ချပြီးလုပ်ဆောင်သွားဖို့ရှိပါတယ်"ဟု တာချီလိတ်မြို့ မီးလင်းရေးကော်မတီ(လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း)ဥက္ကဌ  ဦးတင်လှိုင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
တာချီလိတ်မြို့အဝင်ဆိုင်းဘုတ်တည်ရှိရာ ကျိုင်းတုံ-တာချီလိတ်-လေယာဉ်ကွင်းလမ်းဆုံတွင် ယာဉ်ကြောကြပ်တည်းမှုလျော့ချနိုင်ရေးအတွက် ကျိုင်းတုံမှ တာချီလိတ်သို့ ဝင်ရောက်ရာလမ်း၊ တာချီလိတ်မြို့တွင်းမှ လေယာဉ်ကွင်းသို့ သွားရာလမ်း၊ လေယာဉ်ကွင်းမှ ကျိုင်းတုံမြို့သို့သွားရာလမ်းများကို Free Way များထည့်သွင်းခြင်းကို ပြည်နယ်အစိုးရဘတ်ဂျက်ဖြင့် စည်ပင်သာယာရေးဌာနက တည်ဆောက်နေခြင်းဖြစ်သည်။
Tachileik News Agency
သတင်း - ဟန်စိုးထိုက်
ဓာတ်ပုံ - ကျော်ဇင်ဟိန်း
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~