တာချီလိတ်မြို့တွင် Covid-19 ကူးစက်ခံရပြီးနောက် အောက်ဆီဂျင်ကျပြီး အသက်(၃၃)နှစ်အရွယ် အမျိုးသားတစ်ဦး သေဆုံး

Photo: မေတ္တာရှင် သာရေး နာရေး လူမှုကူညီရေးအသင်း
Photo: မေတ္တာရှင် သာရေး နာရေး လူမှုကူညီရေးအသင်း
တာချီလိတ်မြို့တွင် Covid-19 ကူးစက်ခံရပြီးနောက် အောက်ဆီဂျင်ကျပြီး အသက်(၃၃)နှစ်အရွယ် အမျိုးသားတစ်ဦး သေဆုံး
သြဂုတ် 7, 2021 | Covid-19| ရှမ်းရှေ့

တာချီလိတ်မြို့တွင် Covid-19 ကူးစက်ခံရပြီးနောက် အောက်ဆီဂျင်ကျပြီး အသက်(၃၃)နှစ်အရွယ် အမျိုးသားတစ်ဦး သေဆုံး

****

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့တွင် Covid-19 ကူးစက်ခံရပြီး ရောဂါအခံကြောင့် ဆေးကုသမှုခံယူနေသူ လူငယ်တစ်ဦး ယနေ့   ဩဂုတ်လ(၇)ရက်နေ့ နံနက်(၆)နာရီဝန်းကျင်အချိန်က  အောက်ဆီဂျင်ကျပြီး သေဆုံးသွားကြောင်း သိရသည်။

သေဆုံးသွားသူမှာ တာချီလိတ်မြို့ ဆန်ဆိုင်း(ခ)ရပ်ကွက်တွင် နေထိုင်သူ အသက်(၃၃)နှစ်အရွယ် အမျိုးသားတစ်ဦးဖြစ်ကြောင်း နှင့် ၎င်းသည် ဩဂုတ်လ(၆)ရက်နေ့က ဆေးရုံသို့ တက်ရောက်ကာ ဆေးဝါးကုသမှုခံယူနေသူ ဖြစ်ကြောင်း သိရသည်။

သေဆုံးသွားသူ၏ ရုပ်အလောင်းအား တာချီလိတ်မြို့ရှိ မေတ္တာရှင် သာရေး နာရေး လူမှုကူညီရေးအသင်းက ဆေးရုံမှတဆင့် ပုံလို့သုဿန်သို့ ပို့ဆောင်ကာ မီးသင်္ဂြိုလ်ပေးခဲ့ကြောင်း သိရသည်။

တာချီလိတ်မြို့တွင် ပြီးခဲ့သည့်ရက်များအထိ သေဆုံးခဲ့သူ (၁၇)ဦးရှိခဲ့ရာတွင် အသက်အငယ်ဆုံး သေဆုံးသူအဖြစ် ဇူလိုင်လ(၂၆)ရက်နေ့က အသက်(၃၅)နှစ်အရွယ်အမျိုးသားတစ်ဦးရှိခဲ့ရာမှ ယနေ့ ဩဂုတ်လ(၇)ရက်နေ့တွင် အသက်(၃၃)နှစ် အရွယ် အမျိုးသားတစ်ဦး သေဆုံးခြင်းဖြစ်၍ အသက်ငယ်ဆုံး သေဆုံးမှု ဖြစ်သည်။

တာချီလိတ်မြို့၏ Covid-19 တတိယလှိုင်းအတွင်း ၂၀၂၁ခုနှစ် ဇွန်လ(၂၈)ရက်နေ့မှ ဇူလိုင်လ(၆)ရက်နေ့ ညနေပိုင်းအထိ Covid-19 ကူးစက်ခံရသူ စုစုပေါင်း (၁,၆၇၄)ဦး အထိရှိနေရာ ပိုးတွေ့၍ သတ်မှတ်ရက် (၁၁)ရက်ပြည့်ပြီး နေအိမ်ပြန်ခွင့်ရရှိသွားသူမှာ (၈၀၀)ကျော်အထိရှိကာ သေဆုံးသူမှာ ဩဂုတ်လ(၇)ရက်နေ့အထိ အမျိုးသား(၁၁)ဦး နှင့် အမျိုးသမီး(၇)ဦး စုစုပေါင်း (၁၈)ဦးအထိ ရှိနေကြောင်း သိရသည်။

#TachileikNewsAgency

Photo: မေတ္တာရှင် သာရေး နာရေး လူမှုကူညီရေးအသင်း