ရန်ကုန်၊ပဲခူးတိုင်းများနှင့် ရခိုင်ပြည်နယ်တွင်း (၈)မြို့နယ်မှ အတည်ပြုလူနာ (၄၁)ဦး တစ်နေ့တာစစ်ဆေးမှုအတွင်း တွေ့ရှိ

ရန်ကုန်၊ပဲခူးတိုင်းများနှင့် ရခိုင်ပြည်နယ်တွင်း (၈)မြို့နယ်မှ အတည်ပြုလူနာ (၄၁)ဦး တစ်နေ့တာစစ်ဆေးမှုအတွင်း တွေ့ရှိ
သြဂုတ် 28, 2020
By 🌸
ရန်ကုန်၊ပဲခူးတိုင်းများနှင့် ရခိုင်ပြည်နယ်တွင်း (၈)မြို့နယ်မှ အတည်ပြုလူနာ (၄၁)ဦး တစ်နေ့တာစစ်ဆေးမှုအတွင်း တွေ့ရှိ
ရန်ကုန်တွင် ပြည်ပမှ ပြန်လာသူ (၄)ဦးနှင့် ရခိုင်မှပြန်လာသူ(၁)ဦး၊ ရခိုင်ပြည်နယ် စစ်တွေ၊ ဂွ၊ သံတွဲ၊ မာန်အောင်နှင့် တောင်ကုတ်မြို့နယ်များမှ (၁၀)ဦးတို့တွင် COVID 19 ပိုးတွေ့ရသဖြင့် ၂၀၂၀ ခုနှစ်၊ သြဂုတ်လ (၂၈)ရက်နေ့ တစ်ရက်ထဲတွင် အတည်ပြုလူနာ(၄၁)ဦး ထပ်တိုးလာသည်။
သြဂုတ်လ (၂၈)ရက်နေ့ ညနေပိုင်း ထုတ်ပြန်ချက်တွင် အတည်ပြုလူနာ (၁၅)ဦးထပ်တိုးခဲ့ပြီး နံနက်ပိုင်း ထုတ်ပြန်ချက်တွင် အတည်ပြုလူနာ (၂၆)ဦး ထပ်တိုးခဲ့ခြင်းဖြစ်၍ သြဂုတ်လ (၂၈)ရက်နေ့ ညပိုင်းအထိ မြန်မာနိုင်ငံတွင် အတည်ပြုလူနာ (၆၄၃)ဦး ရှိသွားပြီဖြစ်သည်။
ယနေ့ထပ်တိုးလာသည့် အတည်ပြုလူနာများမှာ ပဲခူးတိုင်းဒေသကြီးတွင် (၁)ဦး၊ ရန်ကုန်တိုင်းဒေသကြီးတွင် (၅)ဦးနှင့်  ကျန် (၃၅)ဦးမှာ ရခိုင်ပြည်နယ် စစ်တွေ၊ ဂွ၊ သံတွဲ၊ မာန်အောင်၊ တောင်ကုတ်၊ ကျောက်ဖြူ၊ မောင်တောနှင့် ပေါက်တောမြို့နယ်များမှ ဖြစ်ကြသည်။
ရခိုင်ပြည်နယ် စစ်တွေမြို့နယ်တွင် သြဂုတ်လ (၁၆)ရက်နေ့က COVID 19 ပြည်တွင်းကူးစက်မှုအဖြစ် စတင်တွေ့ရပြီးနောက် ရခိုင်ပြည်နယ်အတွင်းနှင့် ရခိုင်ပြည်နယ်သို့ သွားလာခဲ့သူများကို စစ်ဆေးရာမှ COVID 19 ကူးစက်မှုအများအပြား တွေ့လာရခြင်းဖြစ်သည်။
Tachileik News Agency

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~