တာချီလိတ်နှင့် ကျိုင်းတုံမြို့တို့မှ ဓါတ်ခွဲစစ်ဆေးထားသည့် (၅)ဦးတွင် Covid-19 ပိုးမတွေ့

တာချီလိတ်နှင့် ကျိုင်းတုံမြို့တို့မှ ဓါတ်ခွဲစစ်ဆေးထားသည့် (၅)ဦးတွင် Covid-19 ပိုးမတွေ့
စက်တင်ဘာ 21, 2020
By Tachileik News Agency


တာချီလိတ်နှင့် ကျိုင်းတုံမြို့တို့မှ ဓါတ်ခွဲစစ်ဆေးထားသည့် (၅)ဦးတွင် Covid-19 ပိုးမတွေ့
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နှင့် ကျိုင်းတုံ ပြည်သူ့ဆေးရုံများတွင် ဓာတ်ခွဲစစ်ဆေးသည့် စောင့်ကြည့်လူနာ (၅)ဦး၌ COVID 19 ပိုးမတွေ့ရကြောင်း ၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ (၂၁)ရက်နေ့က ဓာတ်ခွဲအဖြေရရှိသည်။
"ကျိုင်းတုံနဲ့ တခြားမြို့တွေက quarantine တွေရဲ့ ဓာတ်ခွဲနမူနာတွေကိုတော့ တောင်ကြီးပို့ထားတယ်။ လက်ရှိ တောင်ကြီးပို့ထားတာ (၄၈)ခုရှိတယ်။ ဒီနေ့ ကျိုင်းတုံဆေးရုံမှာ စစ်တဲ့ စောင့်ကြည့်လူနာ (၃)ယောက်ရဲ့အဖြေကတော့ Negative ပါ"ဟု ရှမ်းပြည်နယ်အရှေ့ပိုင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ ဘစိုးသက်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
တာချီလိတ်ခရိုင်ပြည်သူ့ဆေးရုံကြီးမှ စောင့်ကြည့်လူနာ (၂) ဦးတွင်လည်း COVID 19 ပိုးမတွေ့ရကြောင်း စက်တင်ဘာလ (၂၁) ရက်နေ့၌ ဓာတ်ခွဲအဖြေရရှိသည်။
"တာချီလိတ်က စောင့်ကြည့်လူနာ (၂)ယောက် ဒီနေ့စစ်ပါတယ်။ အားလုံး Negative ပါ။ မနက်ဖြန်တော့ quarantine ထားတဲ့သူတွေရဲ့ ဓာတ်ခွဲနမူနာတွေကို တောင်ကြီးပို့ပါမယ်"ဟု တာချီလိတ်ခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာ ခင်ကျော်က ပြောသည်။
ရှမ်းပြည်နယ် အရှေ့ပိုင်းဒေသတွင် လက်ရှိအချိန်ထိ ကျိုင်းတုံပြည်သူ့ဆေးရုံ၌ ကုသမှုခံယူနေဆဲ COVID 19 အတည်ပြုလူနာ (၃)ဦးရှိနေခြင်းဖြစ်သည်။
Tachileik News Agency
သတင်း - ချယ်ရီထိုက်

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~