လာအိုဘက်မှ ခိုးဝင်လာသည့် တရုတ်နိုင်ငံသား (၁၁)ဦးနှင့် ကူညီသည့် မြန်မာနိုင်ငံသား (၂) ဦးတို့ကို ကျိုင်းလပ်နှင့် တာလေကြားတွင် ဖမ်းမိ

လာအိုဘက်မှ ခိုးဝင်လာသည့် တရုတ်နိုင်ငံသား (၁၁)ဦးနှင့် ကူညီသည့် မြန်မာနိုင်ငံသား (၂) ဦးတို့ကို ကျိုင်းလပ်နှင့် တာလေကြားတွင် ဖမ်းမိ
စက်တင်ဘာ 21, 2020
By Tachileik News Agency
လာအိုဘက်မှ ခိုးဝင်လာသည့် တရုတ်နိုင်ငံသား (၁၁)ဦးနှင့် ကူညီသည့် မြန်မာနိုင်ငံသား (၂) ဦးတို့ကို ကျိုင်းလပ်နှင့် တာလေကြားတွင် ဖမ်းမိ
မြန်မာ - လာအိုနယ်စပ်ဒေသဖြစ်သည့်  ကျိုင်းလပ်မြို့ဘက်မှ တရားမဝင် ဝင်လာသည့် တရုတ်နိုင်ငံသား (၁၁)ဦး အပါအဝင် ၎င်းတို့ကို ခေါ်ဆောင်လာသူ (၁) ဦးနှင့် တရုတ်နိုင်ငံသားများ ခိုးဝင်ရန် ကူညီပေးသူ (၁)ဦးတို့ကို မိုင်းလင်း(ရှေ့)ကျေးရွာအုပ်စုရှိ နမ့်မွေတံတားတွင် ၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ (၂၀) ရက်နေ့က ဖမ်းမိထားကြောင်း သိရသည်။
နယ်မြေခံတပ်၊ စရတ(တာလေ)၊ ကျာကူနီပြည်သူ့စစ်၊ မိုင်းလင်းရဲစခန်းတို့မှ ပူးပေါင်းအဖွဲ့သည် မိုင်းလင်း(ရှေ့) ကျေးရွာအုပ်စုရှိ နမ့်မွေတံတားတွင် စက်တင်ဘာလ (၂၀) ရက်နေ့ ညနေ (၃)နာရီခွဲကျော်က ကျိုင်းလပ်ဘက်မှ တာလေဘက်သို့ မောင်းနှင်လာသည့် မော်တော်ယာဉ်တစ်စီးအား စစ်ဆေးရာ နိုင်ငံတွင်း ဝင်ရောက်ခွင့် အထောက်အထားမပါသည့် တရုတ်နိုင်ငံသား (၁၁)ဦးကို စစ်ဆေးတွေ့ခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ တရုတ်နိုင်ငံသား အမျိုးသား (၈)ဦးနှင့် အမျိုးသမီး (၃)ဦး စုစုပေါင်း (၁၁)ဦးသည် လာအိုနိုင်ငံဘက်မှ မဲခေါင်မြစ်အားဖြတ်၍ ကျိုင်းလပ်မြို့သို့ တရားမဝင် ဝင်လာကြခြင်းဖြစ်ကြောင်း သိရသဖြင့် တရားမဝင် ဝင်ရောက်လာသည့် တရုတ်နိုင်ငံသား (၁၁)ဦးအား လဝကအက် ၁၃(၁)ဖြင့် မိုင်းလင်းရဲစခန်း၌ အမှုဖွင့်ထားကြောင်း သိရသည်။
တရားမဝင် ဝင်လာသည့် တရုတ်နိုင်ငံသားများအား တင်ဆောင်လာသည့် မော်တော်ယာဉ်အား မောင်းနှင်သူ မြန်မာနိုင်ငံသား စိုင်းတစ်(ခ) စိုင်းယီတစ်အား မိုင်းလင်းရဲစခန်း၌ လဝကအက် ၁၃(၂)ဖြင့် လည်းကောင်း၊ တရုတ်နိုင်ငံသားများ နိုင်ငံတွင်း ခိုးဝင်ရန် ကူညီပေးခဲ့ပြီး ထွက်ပြေး တိမ်းရှောင်နေသည့် အိုက်မိုင်အား လဝကအက် ၁၃(၅)ဖြင့် လည်းကောင်း အသီးသီးအမှုဖွင့်ထားကြောင်း သိရသည်။
Tachileik News Agency

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~