တာချီလိတ်မြို့ရှိ ရှမ်းရိုးမကွင်းအတွင်း (၂၄)ညတိုင်တိုင် တရားပွဲ ဖေဖော်ဝါရီလ(၇)ရက်နေ့တွင် စမည်

တာချီလိတ်မြို့ရှိ ရှမ်းရိုးမကွင်းအတွင်း (၂၄)ညတိုင်တိုင် တရားပွဲ ဖေဖော်ဝါရီလ(၇)ရက်နေ့တွင် စမည်
ဖေဖော်ဝါရီ 3, 2020
By Tachileik News Agency

တာချီလိတ်မြို့ရှိ ရှမ်းရိုးမကွင်းအတွင်း (၂၄)ညတိုင်တိုင် တရားပွဲ ဖေဖော်ဝါရီလ(၇)ရက်နေ့တွင် စမည်

တာချီလိတ်မြို့ရှိ ဗုဒ္ဓ ဘာသာ သာသနာ ကိုယ်သာ စောင့်ရှောက်ရာ တရားပွဲဖြစ်မြောက်ရေးအဖွဲ့က ကြီးမှူးကာ ကျင်းပသည့် အကြိမ်(၅၀)မြောက် တရားပွဲအား (၂၄)ညတိုင်တိုင် ကျင်းပပြုလုပ်ရန်အတွက် ၂၀၂၀ခုနှစ် ဖေဖော်ဝါရီလ(၇)ရက်နေ့တွင် စတင်မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ တရားပွဲအား အမျိုးဘာသာ သာသနာ ကိုယ်သာ စောင့်ရှောက်ရာ တရားပွဲဖြစ်မြောက်ရေးအဖွဲ့ နှင့် မြို့သူ မြို့သားများ စုပေါင်း ကျင်းပခြင်း ဖြစ်ပြီး ၂၀၂၀ခုနှစ် ဖေဖော်ဝါရီလ(၇)ရက်နေ့မှ ဖေဖော်ဝါရီလ (၂၉)ရက်နေ့အထိ (၂၄)ညတိုင်တိုင် ညစဉ်(၇)နာရီခွဲအချိန်တွင် တာချီလိတ်ရှိ ရှမ်းရိုးမကွင်းအတွင်း၌ ကျင်းပပြုလုပ်မည်ဖြစ်သည်။

(၂၄)ညတိုင်တိုင် တရားပွဲ ပြီးသည့်နောက် မတ်လ(၃)ရက်နေ့တွင်လည်း ရှမ်းရိုးမကွင်းအတွင်း၎င်း သီတဂူဆရာတော်၏ တစ်ညတာ တရားပွဲလည်း ကျင်းပြုလုပ်မည် ဖြစ်ကြောင်း သိရသည်။

Tachileik News Agency

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~


~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~