တာလေမြို့ နားယောင်းကျေးရွာအုပ်စုအတွင်း တောင်ယာတဲတွင် မူးယစ်ဆေးဝါး ဖမ်းမိ

တာလေမြို့ နားယောင်းကျေးရွာအုပ်စုအတွင်း တောင်ယာတဲတွင် မူးယစ်ဆေးဝါး ဖမ်းမိ
အောက်တိုဘာ 8, 2020
By Tachileik News Agency
တာလေမြို့ နားယောင်းကျေးရွာအုပ်စုအတွင်း တောင်ယာတဲတွင် မူးယစ်ဆေးဝါး ဖမ်းမိ
ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့နယ်၊ တာလေမြို့၊ နားယောင်းကျေးရွာအုပ်စုရှိ တောင်ယာတဲ (၂) ခုအတွင်းမှ အမျိုးသား (၁)ဦးနှင့် အမျိုးသမီး (၁)ဦးတို့ကို မူးယစ်ဆေးများနှင့်အတူ ၂၀၂၀ ခုနှစ်၊ အောက်တိုဘာလ (၈)ရက်နေ့၌ ဖမ်းဆီးရမိကြောင်း သိရသည်။
နားယောင်းကျေးရွာအုပ်စုရှိ ကျတားရွာ တောင်ယာတဲသို့ ရဲတပ်ဖွဲ့က ဝင်ရောက်ရှာဖွေရာ ဒေါ်နာခါးအားတွေ့ရပြီး ၎င်းဝတ်ဆင်ထားသည့် လုံခြည်ကြားတွင်ဝှက်ထားသည့် အိတ်အတွင်းမှ WY စာတမ်းပါ လိမ္မော်ရောင် စိတ်ကြွဆေးပြား (၄၀၀၀)ပြား၊ ဘိန်းစိမ်း (၂၀၀) ဂရမ်တို့အား ရှာဖွေတွေ့ရှိခြင်းဖြစ်ကြောင်း သိရသည်။
တစ်ဆက်တည်းမှာပင် အခြားတောင်ယာတဲတစ်လုံးအား ထပ်မံရှာဖွေရာ တောင်ယာတဲပိုင်ရှင် ကျအေအား တွေ့ရပြီး ၎င်းထံမှ စိတ်ကြွဆေးပြား (၈၀၀)ပြားနှင့် ဘိန်းစိမ်း (၆၅)ဂရမ်ခန့်ကို သိမ်းဆည်းရမိကြောင်း သိရသည်။
အဆိုပါမူးယစ်ဆေးများအား ရောင်းချပေးသူဆိုသည့် ကျတားရွာမှ ယားကာ၏နေအိမ်ကို ဆက်လက် ရှာဖွေစစ်ဆေးရာ ယားကာမှာ တိမ်းရှောင်သွားပြီး နေအိမ်တွင် မူးယစ်ဆေးဝါးမတွေ့ရကြောင်း သိရသည်။
မူးယစ်ဆေးများနှင့်အတူ ဖမ်းမိသည့် နာခါး၊ ကျအေနှင့် မူးယစ်ဆေးရောင်းချပေးသူ ယားကာတို့အား တာလေနယ်မြေရဲစခန်းတွင် မူးယစ်ဆေးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေဖြင့် အရေးယူထားကြောင်း သိရသည်။
  Tachileik News Agency
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~