အီရန်တွင် ပျက်ကျသည့် ယူကရိန်းလေယာဉ်၏ black box ကို ဘိုးရင်းကုမ္ပဏီသို့ လွှဲပေးမည်မဟုတ်

အီရန်တွင် ပျက်ကျသည့် ယူကရိန်းလေယာဉ်၏ black box ကို ဘိုးရင်းကုမ္ပဏီသို့ လွှဲပေးမည်မဟုတ်
ဇန်နဝါရီ 8, 2020
By Tachileik News Agency

အီရန်တွင် ပျက်ကျသည့် ယူကရိန်းလေယာဉ်၏ black box ကို ဘိုးရင်းကုမ္ပဏီသို့ လွှဲပေးမည်မဟုတ်

အီရန်နိုင်ငံတွင် ပျက်ကျသွားသည့် ယူကရိန်းနိုင်ငံတကာလေကြောင်းလိုင်းမှ ဘိုးရင်း ၇၃၇ လေယာဉ် ပျက်ကျရခြင်း အကြောင်းရင်းကို စစ်ဆေးနိုင်မည့် Black Box ကို အမေရိကန် ဘိုးရင်းကုမ္ပဏီသို့ အီရန်က လွှဲပေးမည်မဟုတ်ကြောင်း သတင်းထုတ်ပြန်ထားသည်။

ယူကရိန်းလေယာဉ်သည် ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ (၈)ရက်နေ့ နံနက်အစောပိုင်းက တီဟီရန်မြို့ ခိုမေနီလေဆိပ်မှ အတက်၌ ပျက်ကျမီးလောင်သွားခဲ့၍ လေယာဉ်တွင် လိုက်ပါသွားသူအားလုံး သေဆုံးခဲ့ရခြင်းဖြစ်သည်။

လေယာဉ်ပျက်ကျရသည့် အကြောင်းရင်းကို စစ်ဆေးနိုင်မည့် black box ကို လေယာဉ်ထုတ်လုပ်သည့်ကုမ္ပဏီ ဘိုးရင်းသို့ ပေးမည်မဟုတ်ကြောင်း အီရန်အစိုးရက ထုတ်ဖေါ်ပြောကြားသော်လည်း မည်သည့်နိုင်ငံကို လွှဲပေးမည်ကိုမူ ထုတ်ဖေါ်ပြောကြားထားခြင်းမရှိသေးသည်ကို တွေ့ရသည်။

Tachileik News Agency
Ref; Reuters


ဆက်စပ်သတင်း

အီရန်တွင် ပျက်ကျသွားသည့် ယူကရိန်းလေယာဉ်မှာ မီးလောင်သွား၍ လိုက်ပါလာသူ အားလုံး သေဆုံး

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~