အီရန်နိုင်ငံအတွင်း ရင်ပြင်တစ်ခုတွင် ကပြခဲ့သည့် အီရန်လူငယ်စုံတွဲတစ်တွဲ နှစ်ရှည်ထောင်ဒဏ် ချမှတ်ခံရ

ယခုလို ကခဲ့ကြသည့်အတွက် နှစ်ရှည်ထောင်ဒဏ် ချမှတ်ခံရခြင်းဖြစ်သည်။ [ Photo: UGC/AFP via Getty Images ]
ယခုလို ကခဲ့ကြသည့်အတွက် နှစ်ရှည်ထောင်ဒဏ် ချမှတ်ခံရခြင်းဖြစ်သည်။ [ Photo: UGC/AFP via Getty Images ]
အီရန်နိုင်ငံအတွင်း ရင်ပြင်တစ်ခုတွင် ကပြခဲ့သည့် အီရန်လူငယ်စုံတွဲတစ်တွဲ နှစ်ရှည်ထောင်ဒဏ် ချမှတ်ခံရ
ဖေဖော်ဝါရီ 3, 2023 | နိုင်ငံတကာသတင်း
By Mr John

အီရန်နိုင်ငံတွင် တီဟီရန်မြို့တော်ရှိ အဓိက ရင်ပြင်တစ်ခု၌ ကပြခဲ့သည့် လူငယ်စုံတွဲတစ်တွဲကို ၎င်းတို့ ကပြနေသည့် ဗီဒီယိုတစ်ခု ထွက်ပေါ်လာခဲ့ပြီးနောက် အာဏာပိုင်များက နှစ်ရှည်ထောင်ဒဏ်များ ချမှတ်လိုက်ကြောင်း သိရသည်။ 

ဆိုရှယ်မီဒီယာတွင် အများအပြား မျှဝေထားသည့် ထိုဗီဒီယိုတွင် အသက် (၂၁) နှစ်အရွယ် Astiyazh Haghighi ကို ဦးခေါင်းတွင် ပဝါခြုံမထားဘဲ သူမ၏ချစ်သူ အသက် (၂၂) နှစ်အရွယ် Amir Mohammad Ahmadia နှင့်အတူ Azadi ရင်ပြင်တွင် တွဲကနေသည်ကို တွေ့ရသည်။

ထိုစုံတွဲက ၎င်းတို့ တွဲကနေသည့် ဗီဒီယိုကို ဆိုရှယ်မီဒီယာတွင် ကိုယ်တိုင် တင်ထားခဲ့ကြသည်။ 

အီရန်အာဏာပိုင်များက ၎င်းတို့နှစ်ဦးအား အကျင့်စာရိတ္တပျက်စီးမှုနှင့် မကောင်းမှုကို ပျံ့နှံ့စေမှု၊ နိုင်ငံတော်လုံခြုံရေးကို အနှောင့်အယှက်ဖြစ်စေရန် ရည်ရွယ်ချက်ဖြင့် စု‌ဝေးမှုနှင့် ပူးပေါင်းလုပ်ဆောင်မှုတို့ဖြင့် ထောင်ဒဏ် (၁၀) နှစ်ခွဲစီ ချမှတ်လိုက်ကြောင်း လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူများအဖွဲ့ Human Rights Activists News Agency (HRANA) က ပြောသည်။

Azadi ရင်ပြင်တွင် ကပြခဲ့သည့် စုံတွဲက ပြည်သူလူထုကို လာရောက်စုဝေးကြရန်နှင့် ဆူပူအုံကြွကြရန် ၂၀၂၂ ခုနှစ် အောက်တိုဘာလ (၂၆) ရက်နေ့က Instagram တွင် ပို့စ်တင်၍ အားပေးအားမြှောက်လုပ်ခဲ့ကြောင်း စွပ်စွဲခံခဲ့ရသည်။

 

Source: CNN