အီရန်တွင် ပျက်ကျသွားသည့် ယူကရိန်းလေယာဉ်မှာ မီးလောင်သွား၍ လိုက်ပါလာသူ အားလုံး သေဆုံး

အီရန်တွင် ပျက်ကျသွားသည့် ယူကရိန်းလေယာဉ်မှာ မီးလောင်သွား၍ လိုက်ပါလာသူ အားလုံး သေဆုံး
ဇန်နဝါရီ 8, 2020
By Tachileik News Agency

အီရန်တွင် ပျက်ကျသွားသည့် ယူကရိန်းလေယာဉ်မှာ မီးလောင်သွား၍  လိုက်ပါလာသူ အားလုံး သေဆုံး 

အီရန်နိုင်ငံ အာမန်ခိုမေနီလေဆိပ်အနီး ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ (၈)ရက်နေ့ နံနက်က ပျက်ကျသွားသည့် ယူကရိန်းနိုင်ငံတကာ လေကြောင်းလိုင်းမှ  ဘိုးရင်း ၇၃၇ လေယာဉ်တွင် လိုက်ပါသွားသူအားလုံး အသက်ရှင်ကျန်ရစ်သူ မရှိကြောင်း သိရသည်။

ခရီးသည်နှင့် လေယာဉ်အမှုထမ်း စုစုပေါင်း (၁၈၀)လိုက်ပါသွားသည့် လေယာဉ်သည် တီဟာရန်မှ ကီယာသို့ ပျံသန်းရန် လေဆိပ်မှ တက်သွားပြီး မကြာမီ ပျက်ကျသွားခဲ့ကာ ကြီးမားသည့်မီးတောက်များ ချက်ချင်းတက်လာသည်ကို မြင်တွေ့ခဲ့ကြရခြင်းဖြစ်ကြောင်း သိရသည်။

အီရန်မြို့ပြလေကြောင်းအဖွဲ့က အခင်းဖြစ်နေရာသို့ ကယ်ဆယ်ရေးအဖွဲ့များ၊ ကယ်ဆယ်ရေးရဟတ်ယာဉ်များဖြင့် အလျင်အမြန်သွားရောက်ခဲ့သော်လည်း မီးလောင်မှုမှာလျင်မြန်စွာ ကူးစက်လောင်ကျွမ်းသွားသဖြင့် ခရီးသည်များကို ကယ်ဆယ်နိုင်ခဲ့ခြင်း မရှိကြောင်း သတင်းထုတ်ပြန်သည်။

“ကျွန်တော်တို့မှာ အရေးပေါ် လူနာတင်ယာဉ် (၂၂)စီး၊ အရေးပေါ် ဘတ်စ် (၄)စီးနဲ့ ရဟတ်ယာဉ်တစ်စီးပါပေမဲ့ မီးလောင်တဲ့အရှိန် မြန်လွန်းတော့ ကယ်ဆယ်ရေးတွေ ဘာမှ မလုပ်နိုင်ခဲ့ဘူး”

ဟု အီရန် အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ ခေါင်းဆောင်က ပြောသည်။

လေကြောင်းလိုင်း တာဝန်ရှိသူများမှာ အခင်းဖြစ်နေရာသို့ ချက်ချင်းရောက်ရှိနိုင်ခဲ့ခြင်းမရှိဘဲ တီဟာရန်ရှိ ယူကရိန်းကောင်စစ်ဝန်ကလည်း အခင်းဖြစ်ရပ်အပေါ် မှတ်ချက်ပေးထားခြင်း မရှိသေးပါ။

Tachileik News Agency
Source: Straitstimes
PHOTO: IRANIAN RED CRESCENT SOCIETY/TWITTER

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~