မူးယစ်ဆေးဝါးကို စနစ်သစ်ဖြင့် သယ်ဆောင်လာသည့် အမျိုးသမီးကို လာအိုလေဆိပ်တွင် ဖမ်းမိ

မူးယစ်ဆေးဝါးကို စနစ်သစ်ဖြင့် သယ်ဆောင်လာသည့် အမျိုးသမီးကို လာအိုလေဆိပ်တွင် ဖမ်းမိ
နိုဝင်ဘာ 11, 2019
By Tachileik News Agency

မူးယစ်ဆေးဝါးကို စနစ်သစ်ဖြင့် သယ်ဆောင်လာသည့် အမျိုးသမီးကို လာအိုလေဆိပ်တွင် ဖမ်းမိ
ကိုကင်း (၃.၅)ကီလို၈ရမ်ကို ခရီးဆောင်အိတ်အတွင်း သုတ်လိမ်း၍ သယ်ယူလာသည့် ဗိုလီးဘီးယားနိုင်ငံသူ တစ်ဦး ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ (၉)ရက်နေ့က လာအိုနိုင်ငံ ဝပ်တိုင်လေဆိပ်ရောက်ရှိချိန်တွင် လာအိုမူးယစ်တပ်ဖွဲ့နှင့် နိုင်ငံတကာတပ်ဖွဲ့များ ပူးပေါင်းချိတ်ဆက်ပြီး ဖမ်းဆီးရမိလိုက်ကြောင်း သိရသည်။

အဆိုပါ ဖမ်းဆီးရမိသည့်အမျိုးသမီးသည် အီသီယိုးပီးယားနိုင်ငံ အဒစ်ဘာဘာလေဆိပ်မှ ထိုင်းနိုင်ငံ သုဝဏ္ဏဘူမိလေဆိပ်သို့ ထွက်ခွာလာပြီးနောက် လာအိုနိုင်ငံ ဝပ်တိုင်လေဆိပ်သို့ ရောက်လာခြင်းဖြစ်သည်ဟု သိရသည်။

သက်ဆိုင်ရာနိုင်ငံများမှ မူးယစ်တပ်ဖွဲ့များနှင့် လာအိုမူးယစ်တပ်ဖွဲ့တို့ သတင်းအချက်အလက် ပူးပေါင်းဖလှယ်ပြီးနောက် သံသယရှိသည့် အဆိုပါ အမျိုးသမီးကို လာအိုနိုင်ငံ၊ ဝပ်တိုင်လေဆိပ်သို့ ရောက်လာချိန်တွင် ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဖမ်းဆီးရမိသည့် အမျိုးသမီးကို လာအိုနိုင်ငံ၏ တည်ဆဲဥပဒဖြေင့် အရေးယူဆောင်ရွက်သွားမည်ဖြစ်ပြီး လာအိုနိုင်ငံတွင်းသို့ မူးယစ်ဆေးသယ်ဆောင်သူများက လေကြောင်းမှ နည်းမျိုးစုံဖြင့် တင်သွင်းခြင်းကိုလည်း လုပ်ဆောင်လာကြသဖြင့် မသင်္ကာဖွယ်ရာများတွေ့ပါက ရဲတပ်ဖွဲ့ထံ သတင်းပေးပို့ကြရန် ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Tachileik News Agency
Source: naewna

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net