လာအိုနိုင်ငံတွင် တစ်နေ့တည်း Covid-19 အတည်ပြုလူနာ (၄၇)ဦးထပ်တိုးသည့်အနက် မြန်မာရွှေ့ပြောင်းအများစုရှိသည့် ဘိုကျောက်ခရိုင်မှ (၃၈)ဦး ပါဝင်

Photo by: AP
Photo by: AP
လာအိုနိုင်ငံတွင် တစ်နေ့တည်း Covid-19 အတည်ပြုလူနာ (၄၇)ဦးထပ်တိုးသည့်အနက် မြန်မာရွှေ့ပြောင်းအများစုရှိသည့် ဘိုကျောက်ခရိုင်မှ (၃၈)ဦး ပါဝင်

လာအိုနိုင်ငံတွင် အတည်ပြုလူနာ ၄၇ ဦးထပ်တိုးသည့်အနက် မြန်မာရွှေ့ပြောင်းအများစုရှိသည့် ဘိုကျောက်ခရိုင်မှ ၃၈ ဦးပါဝင်

COVID 19 ဒုတိယလှိုင်းဖြစ်နေသည့် မြန်မာ့အိမ်နီးချင်း လာအိုနိုင်ငံတွင် ၂၀၂၁ ခုနှစ် မေလ (၁၇) ရက်နေ့က အတည်ပြုလူနာ (၄၇) ဦးထပ်တိုးလာသည့်အနက် မြန်မာရွှေ့ပြောင်းလုပ်သားအများစုရှိရာ ဘိုကျောက်ခရိုင်မှ (၃၈) ဦးပါဝင်ကြောင်း သိရသည်။

လာအိုနိုင်ငံတွင် စုစုပေါင်း အတည်ပြုလူနာအရေအတွက် (၁၆၃၈) ဦးရှိလာပြီဖြစ်ပြီး ဆေးရုံဆင်းခွင့်ရသူ (၅၈၂) ဦးရှိပြီဖြစ်သည်။

နိုင်ငံတွင်း အတည်ပြုလူနာတွေ့ရှိမှု အခြေအနေအလိုက် အပိုင်းများခွဲခြားသတ်မှတ်ကာ ကန့်သတ်ချက်များ တင်းကြပ်ခြင်း၊ ဖြေလျှော့ပေးခြင်းကို လုပ်ဆောင်နေသည့်အပြင် ဖွင့်ခွင့်ပေးထားသည့် ဈေးများကိုလည်း စောင့်ကြပ်ကြည့်ရှုမှုလုပ်ဆောင်နေသည်ဟု သတင်းထုတ်ပြန်ထားသည်။

ယမန်နေ့က အတည်ပြုလူနာ (၂၁) ဦးသာတွေ့ရသော်လည်း COVID 19 ကြောင့် (၂) ဦးသေဆုံးသွားသည်ဟု သိရသည်။

မြို့တော်ဗီယင်တိုင်းနှင့် ဘိုကျောက်ခရိုင်တို့တွင် လူစုလူဝေးမှ ကူးစက်မှုကို အများဆုံးတွေ့ရပြီး ချန်ပါဆပ်နှင့် ဆဗင်နခတ်တို့တွင် ထိုင်းနိုင်ငံမှ ပြန်လာသူများတွင် အများဆုံးတွေ့ရသည်ဟု သိရသည်။

 

Ref; laotiantimes